menu-iconlogo
huatong
huatong
the-zero-black-sheep-cover-image

Black Sheep

The Zerohuatong
Dimuat naik oleh musicrow1
သီချင်း - Black Sheep

တေးဆို - The Zero

Guitar အတူတူထိုင်ကာ တီးခဲ့ဖူးတယ်

အသံကြောင်တွေနဲ ့အော်ကာဟစ်ခဲ့ဖူးတယ်

Vodka တွေကို Mixer မရောပဲသောက်ခဲ့

ရောင်နီမလာခင် မနက်ခင်းထိကွဲတယ်

ရင်နာတယ်အတွယ်အတာတွေနဲ ့

ကိုယ်စီရုန်းထွက်မရတော့ဘူး

အဆင်ပြေရင်လေပြန်လာခဲ့ပါ

အရင်ချိန်တွေလို ပြန်လည်ရူးမိုက်ကြမယ်

သူငယ်ချင်းရာ အနှောင်အဖွဲ ့များခဏခွာချထား

ဒဏ်ရာတွေကို ပြန်ချုပ်ထေးမယ်

မပြေလည်တာတွေ အကုန်ရင်ဖွင့်မယ်

ခဏတာ အကုန်မြန်လွန်းခဲ့

တကယ်တိုတောင်းတဲ့ဒီဘ၀ကြီးမှာ

Lecture ချိန်ဆိုအတူတူ လစ်ခဲ့ဖူးတာ

ရန်တွေဘာတွေဖြစ် ခေါင်းကွဲဖူးတာ

နံရံတွေပေါ်မှာ Graffiti ရေးခဲ့ဖူးတာ

ဒိုင်လျှိုနေရာမှာ တိုင်ထူပေးခဲ့ဖူးတာ

ရင်နာတယ်အတွယ်အတာတွေနဲ ့

ကိုယ်စီမလွတ်လပ်ကြတော့ဘူး

အဆင်ပြေရင်လေပြန်လာခဲ့ပါ

အရင်ချိန်တွေလို ပြန်လည်ရူးမိုက်ကြမယ်

သူငယ်ချင်းရာ အနှောင်အဖွဲ ့များခဏခွာချထား

ဒဏ်ရာတွေကို ပြန်ချုပ်ထေးမယ်

မပြေလည်တာတွေ အကုန်ရင်ဖွင့်မယ်

ခဏတာ အကုန်မြန်လွန်းခဲ့

တကယ်တိုတောင်းတဲ့ဒီဘ၀ကြီးမှာ

အကုန်မြန်လွန်းခဲ့ တကယ်တိုတောင်းတဲ့ဒီဘ၀ကြီးမှာ

အကုန်မြန်လွန်းခဲ့ တကယ်တိုတောင်းတဲ့ဒီဘ၀ကြီးမှာ

Anda Mungkin Suka

Lihat lebih banyaklogo

Senarai Audio Video Berkaitan

Lihat lebih banyaklogo