menu-iconlogo
huatong
huatong
the-zero-ldr-cover-image

L.D.R

The Zerohuatong
Dimuat naik oleh rl_abc
သီချင်း း L.D.R

တေးဆို း The Zero

အတူရည်ရွယ်ထားတဲ့ပျော်ရွှင်စရာအိမ်မက်တခုကို

ငါတည်ဆောက်ပေးမယ်အလှမ်းမဝေးတော့့ပဲ

တဖြည်းဖြည်းနဲ့လျှောက်ခဲ့ခြေရာများကမနည်းတော့ပဲ

မိုင်တွေဘယ်လောက်ဝေးဝေးအလွမ်းထန်နေတဲ့

ငါ့ရဲ့အသည်းကို ဘယ်အရာနဲ့ကုစားမလဲ

ဖြေသိမ့်ဖို့မတတ်နိုင်ခဲ့တော့ငါအမြဲဆုတောင်းမိတယ်

ဘယ်တော့မှနီးမှာလဲ

ဦးတည်တဲ့လမ်းပေါ်ရောက်မှ

ဆူးတွေနဲ့ဖဝါးကဒဏ်ရာ

မမှုပါဘူးကွာစိတ်ကိုတင်းထားလဲနင်ဖုန်းဆက်တိုင်းပဲ

တနေ့နေ့တွေ့နိုင်ဖို့ပြောနေရင်းက

အမြဲတမ်းပဲမျက်ရည်စကျလာတဲ့ငါ

အားတင်းထားတဲ့မင်းအမြဲပြောတဲ့ဒီစကား

ငါဆိုတာမင်းမရှိတဲ့ဘဝတခုအလယ်မှာ

စည်းခြားထားနေတဲ့ဒီရေမြေခြားက

လွမ်းဆွတ်တဲ့လှိုင်းဒဏ်ကြားမှာမျောပါရင်းက

သွေးအေးသွားမှာကိုကြောက်လို့နေလား

တကယ်ဆိုရင်နီးစပ်ဖို့ဝေးရတာပါ

အတူခိုလှုံဖို့အတွက် ပေရာထောင်ချီမြင့်တဲ့

ကောင်းကင်တခုငါဆောက်ပေးမယ်

အရိပ်ရဲ့အောက်မှာပဲချစ်သူနင်မှေးစက်လိုက်တော့ကွယ် ပျံသန်းပြီပဲ

ပြက္ခဒိန်တစ်ရွက်ပြီးတစ်ရွက် စာမျက်နှာတိုင်းကိုကြက်ခြေခတ်ကာ

ပြင်းနေတဲ့အလွမ်းဇာတ်အဆုံးမသတ်နိုင်သေးတော့ငါ

အမြဲဆုတောင်းမိတယ်

ဘယ်တော့မှနီးမှာလဲ

ဦးတည်တဲ့လမ်းပေါ်ရောက်မှ

ဆူးတွေနဲ့ဖဝါးကဒဏ်ရာ

မမှုပါဘူးကွာစိတ်ကိုတင်းထားလဲနင်ဖုန်းဆက်တိုင်းပဲ

တနေ့နေ့တွေ့နိုင်ဖို့ပြောနေရင်းက

အမြဲတမ်းပဲမျက်ရည်စကျလာတဲ့ငါ

အားတင်းထားတဲ့မင်းအမြဲပြောတဲ့ဒီစကား

ငါဆိုတာမင်းမရှိတဲ့ဘဝတခုအလယ်မှာ

စည်းခြားထားနေတဲ့ဒီရေမြေခြားက

လွမ်းဆွတ်တဲ့လှိုင်းဒဏ်ကြားမှာမျောပါရင်းက

သွေးအေးသွားမှာကိုကြောက်လို့နေလား

Rakaman

Anda Mungkin Suka

Lihat lebih banyaklogo

Senarai Audio Video Berkaitan

Lihat lebih banyaklogo