menu-iconlogo
huatong
huatong
avatar

လမင်းနဲ့ပင်လယ်

Y Winehuatong
sassix2huatong
Lirik
Rakaman
သီချင်း - လမင်းနဲ့ပင်လယ်

တေးဆို - ဝိုင်ဝိုင်း

ပင်လယ်ဟာကိုယ်ပါ

အမှောင်တွေလာရင်

ရင်ခုန်စွာနဲ့မျှော်လင့်မိတယ်

လမင်းခြေသံဖြတ်လျှောက်သွားချိန်

ရင်ခွင်အလယ်မှာ လိုင်းထန်သွားတယ်

ပင်လယ်လိုဆူညံကိုယ်ခေါ်နေပါတယ်

ဒါပေမယ့်လည်း သူမကြားဘူးကွယ်

ပုံရိပ်ယောင်တွေထားရစ်ခဲ့တယ်

ရှောင်ဖယ်ကာရယ်ပျောက်ကွယ်ပြီကွယ်

ငွေရောင်လမင်းလေးဝေးကွာနေလည်း

မင်းရဲ့အလှအပဟာရူးစေတယ်

အကြင်နာတွေဟာဒီလှိုင်းများလို

အော်မြည်ကာရယ် အပြေးလာနေတယ်

ငွေရောင်လမင်းလေးဝေးကွာနေလည်း

မင်းရဲ့အလှအပဟာရူးစေတယ်

ကိုယ်မျှော်နေပါတယ် လမင်းလေးရယ်

ထာဝရငိုသံအသည်းကွဲသီချင်းသည်ပင်လယ်

ပင်လယ်ဟာဒဏ်ရာဟန်ဆောင်ကာမနေနိူင်

ဆူညံပေါက်ကွဲနက်ရှိုင်းမျက်ရည်

လမင်းဆိုတာအေးမြအလင်းရောင်

မဆုံနိုင်တဲ့လမ်းမှာ တို့တွေ့ခဲ့ကြတယ်

ငွေရောင်လမင်းလေးဝေးကွာနေလည်း

မင်းရဲ့အလှအပဟာရှုးစေတယ်

အကြင်နာတွေဟာဒီလှိုင်းများလို

အော်မြည်ကာရယ်အပြေးလာနေတယ်

ငွေရောင်လမင်းလေးဝေးကွာနေလည်း

မင်းရဲ့အလှအပဟာရူးစေတယ်

ကိုယ်မျှော်နေပါတယ် လမင်းလေးရယ်

ထာဝရငိုသံအသည်းကွဲပင်လယ်

ပင်လယ်ဟာကိုယ်ပါ

အမှောင်တွေလာရင်

ရင်ခုန်စွာနဲ့မျျှော်လင့်မိတယ်

လမင်းခြေသံဖြတ်လျှောက်သွားချိန်

ရေပြင်အလယ်မှာ လိုှင်းများပြင်းထန်

ပင်လယ်

ထာဝရငိုသံအသည်းကွဲသီချင်းသည်ပင်လယ်

ငွေလမင်းရေ..

ငွေလမင်းရေ..

ငွေလမင်းရေ..

ငွေလမင်းရေ....

ငွေလမင်းရေ....

Lebih Daripada Y Wine

Lihat semualogo