menu-iconlogo
huatong
huatong
avatar

သခင်

ကျော်သီဟhuatong
ppbfreerksenhuatong
Letra
Gravações
သီချင်း - သခင်

တေးဆို -ကျော်သီဟ

သီချင်းတွေထဲမှာ မင်းအမြဲ ရှိနေတယ်

ကိုယ့်ရဲ့ အတွေးမှာ မင်းပဲ ဖြစ်နေရမယ်

ခံစားချက်တိုင်းကို ဖန်ဆင်းပေးတဲ့သူ

ဘဝတစ်ခုလုံးဟာ မင်းကြောင့် လှနေတော့မယ်

ကိုယ့်ခြေလှမ်းတွေ မင်းအမြဲ လိုက်နေတယ်

ကိုယ့်မျက်လုံးမှာ မင်းရဲ့ အကြည့်တွေပဲ

နေ့တွေ ညတွေ အကုန်သိမ်းပိုက်တဲ့သူ

ဘဝတစ်ခုလုံးမှာ မင်းက ကိုယ့်သခင်ဖြစ်မယ်

စေလိုရာစေလိုက်တော့ သခင်

သခင်လိုရာ အဆင်သင့် ဖြစ်မယ်

အရာရာကို ပိုင်စိုးတဲ့ သခင်

ဆိုနေတဲ့ သီချင်များ

ရှင်သန်ရခြင်း ဘဝ

ဒါတွေ အားလုံး

ဖန်ဆင်းပေးတဲ့ သခင်

အတွေ့ရှိတိုင်းမှာ မင်းအတွက် ဖြစ်လာမယ်

အသက်ရှင်ခြင်းမှာ မင်းက အရေးပါလွန်းတယ်

မျှော်လင့်ချက်တိုင်းကို ဖန်ဆင်းပေးမယ့်သူ

ဘဝဆက်တိုင်းမှာ မင်းပဲ ရှိတော့ကွယ်

စေလိုရာ စေလိုက်တော့ သခင်

သခင်လိုရာ အဆင်သင့် ဖြစ်မယ်

အရာရာကို ပိုင်စိုးတဲ့ သခင်

ဆိုနေတဲ့ သီချင်များ

ရှင်သန်ရခြင်း ဘဝ

ဒါတွေ အားလုံး

ဖန်ဆင်းပေးတဲ့ သခင်

စေလိုရာ စေလိုက်တော့ သခင်

သခင်လိုရာ အဆင်သင့် ဖြစ်မယ်

အရာရာကို ပိုင်စိုးတဲ့ သခင်

ဆိုနေတဲ့ သီချင်များ

ရှင်သန်ရခြင်း ဘဝ

ဒါတွေ အားလုံး

ဖန်ဆင်းပေးတဲ့ သခင်

အို ကိုယ့်ရဲ့ သခင်ပဲ

ဘဝရဲ့ သခင်ပဲ

Mais de ကျော်သီဟ

Ver todaslogo