မိုးကပြောတဲ့အလွမ်းဇာတ်လမ်း
~~~~ချောစုခင်~~~~
~~~~~Snow~~~~~
မိုးကပြောတဲ့
အလွမ်းဇာတ်လမ်းကိုကြားချိန်မှာ...
နှလုံးသားထဲလည်း
မိုးတွေရွာလာတယ်...
အတိတ်က မင်းနဲ့
တို့နှစ်ယောက်အကြောင်းတွေ
ပြန်စဥ်းစား...
အို.ဖြေသိမ့်မလွယ်တဲ့ ဒီဒဏ်ရာ...
အသက်မကချစ်သတဲ့
ပြောခဲ့ဖူးတဲ့ အချစ်ဆုံးလေး...
အခြားအသစ်တစ်ယောက်ရဲ့
ရင်ခွင်မှာ.....
ကိုယ့်နှလုံးသားလေး
မင်းခွဲထွက်သွားတဲ့ အချိန်ကစ..
ကိုယ်ကျန်ခဲ့ပြီပေါ့ ရင်ခွင်ဗလာ....
မိုးစက်လေးရေ
ကိုယ်သိပ်ချစ်ခဲ့တာ....
အချစ်ဆုံးလေးကိုသိအောင်
ပြန်ပြောပေးပါကွာ....
ကိုယ့်အသည်းနှလုံးဟာ
သူ့ဆီမှာမို့ တစ်ခြားချစ်ဖို့
မလွယ်ကူပါ....
~~~~~~~~~~~
မိုးကပြောတဲ့
အလွမ်းဇာတ်လမ်းကိုကြားချိန်မှာ...
နှလုံးသားထဲလည်း
မိုးတွေရွာလာတယ်...
အတိတ်က မင်းနဲ့
တို့နှစ်ယောက်အကြောင်းတွေ
ပြန်စဥ်းစား...
အို.ဖြေသိမ့်မလွယ်တဲ့ ဒီဒဏ်ရာ...
~~~~~Snow~~~~~
မိုးစက်မှုန်လေးတွေ
ရွာသွန်းလိုက်ပါလေ....
သူ့အသည်းထဲမှာအချစ်တွေ
အရင်တိုင်း အလှဖြာဝေ....
ကိုယ်တမ်းတနေမိပြီ
တစ်ချိန်ကပေးခဲ့တဲ့ အကြင်နာတွေ
အသက်မကချစ်သတဲ့
ပြောခဲ့ဖူးတဲ့ ချစ်သူရေ...
အခြားအသစ်တစ်ယောက်ရဲ့
ရင်ခွင်မှာ.....
ကိုယ့်နှလုံးသားလေး
မင်းခွဲထွက်သွားတဲ့ အချိန်ကစ..
ကိုယ်ကျန်ခဲ့ပြီပေါ့ ရင်ခွင်ဗလာ....
~~~~~Snow~~~~~
မိုးကပြောတဲ့
အလွမ်းဇာတ်လမ်းကိုကြားချိန်မှာ...
နှလုံးသားထဲလည်း
မိုးတွေရွာလာတယ်...
အတိတ်က မင်းနဲ့
တို့နှစ်ယောက်အကြောင်းတွေ
ပြန်စဥ်းစား...
အို.ဖြေသိမ့်မလွယ်တဲ့ ဒီဒဏ်ရာ...
မိုးစက်လေးရေ
ကိုယ်သိပ်ချစ်ခဲ့တာ....
အချစ်ဆုံးလေးကိုသိအောင်
ပြန်ပြောပေးပါကွာ....
ကိုယ့်အသည်းနှလုံးဟာ
သူ့ဆီမှာမို့ တစ်ခြားချစ်ဖို့
မလွယ်ကူပါ....
အသက်မကချစ်သတဲ့
ပြောခဲ့ဖူးတဲ့ အချစ်ဆုံးလေး...
အခြားအသစ်တစ်ယောက်ရဲ့
ရင်ခွင်မှာ.....
ကိုယ့်နှလုံးသားလေး
မင်းခွဲထွက်သွားတဲ့ အချိန်ကစ..
ကိုယ်ကျန်ခဲ့ပြီပေါ့ ရင်ခွင်ဗလာ....
~~~~~Snow~~~~~