(M+F)ဝိညာဉ် စိတ်ရှိုင်းနက်တယ်
ကလူသလို လူကို
မြူဆွယ် ကျီစယ်
ဘုရားသခင်ရှေ့ကျွန်ုပ်ရောက်တယ်
တိမ်လွှာစိုင်လို ပေါ့ပေါ့ပါးပါးကွယ်
(M)ငွေစန္ဒာယာဉ်အရောင်
ပြိုးပြိုးပြက်ပြက် ဆောင်
(M+F)ဘယ်ဆီခေါ်မယ်
ပြောလည်းမပြောဘဲ
(M)ပွေ့လို့ချီယူဘုံပျံနတ်နန်း လေးဆီ
(M+F)ဖြည်းဖြည်းလေးနဲ့ငြိမ့်ငြိမ့် လေးသယ်
ကိုယ့်ကိုအများသူကမမြင်
ပီပီပြင်ပြင် အဖြေအနေကိုကွယ်
ပြောပြတော့ဝမ်းနည်းမိတယ်
တမလွန်ဘုံမှာအိပ်စက်ရပေါ့ကွယ်
(F)မမြင်ဘူးလို့တော်တော်ကြာအောင်
ငေးမောလို့ကြည့်တယ်
(M+F)လှေငယ်တေလေ ဘယ်ဆီဘယ်လဲ
(F)သွားမလို့နော် အသိခက်ပြီကွယ် တစ်ယောက်တည်းလိုက်ခဲ့ပြောတယ်
(M+F)ဖြေးဖြေးလေးနဲ့ ငြိမ့်ငြိမ့်လေးကွယ်
ဝိညာဉ် စိတ်ရှိုင်းနက်တယ်
ကလူသလို လူကို
မြူဆွယ် ကျီစယ်
ဘုရားသခင်ရှေ့ကျွန်ုပ်ရောက်တယ်
တိမ်လွှာစိုင်လို ပေါ့ပေါ့ပါးပါးကွယ်
(M)ငွေစန္ဒာယာဉ်အရောင်
ပြိုးပြိုးပြက်ပြက် ဆောင်
(M+F)ဘယ်ဆီခေါ်မယ်
ပြောလည်းမပြောဘဲ
(M)ပွေ့လို့ချီယူဘုံပျံနတ်နန်း လေးဆီ
(M+F)ဖြည်းဖြည်းလေးနဲ့ငြိမ့်ငြိမ့် လေးသယ်
ကိုယ့်ကိုအများသူကမမြင်
ပီပီပြင်ပြင် အဖြေအနေကိုကွယ်
ပြောပြတော့ဝမ်းနည်းမိတယ်
တမလွန်ဘုံမှာအိပ်စက်ရပေါ့ကွယ်
ဝိညာဉ် စိတ်ရှိုင်းနက်တယ်
ကလူသလို လူကို
မြူဆွယ် ကျီစယ်
ဘုရားသခင်ရှေ့ကျွန်ုပ်ရောက်တယ်
တိမ်လွှာစိုင်လို ပေါ့ပေါ့ပါးပါးကွယ်