F▪️အမှောင်ယံ ကြီးစိုးတဲ့ညရယ်
တို့နှစ်ယောက်ရဲ့ ညအမှောင်ယံထဲ
တိတ်ဆိတ်ခြင်းက လွှမ်းမိုးလို့
ငြိမ်သက်ဆဲ တို့ရဲ့အမှောင်ယံညထဲ
ဟိုး...ဟို.....ဟိုးး.. အဝေးကြီးက
ငြိမ်သက်ဆဲ ဆည်းလည်းသံကိုကြားတယ်..
M▪️လေပြေညင်းရယ် ငြိမ်သက်ဆဲညမှာ
အသာအယာတိုးလို့..တိုက်ခက်နေ
သင်းပျံမွှေးတဲ့ ပန်းရနံ့ တွေ...
ဆောင်ယူသယ်လာ လေညင်းရယ်
F▪️လေယူရာယိမ်းနွဲ့မယ့်..
ပန်းကလေးတစ်ပွင့်ရယ်
ညင်သာစွာဖူးပွင့်လို့..စောင့်မျှော်နေဆဲ
M▪️ပန်းချစ်သူ တို့လက်နဲ့ကွယ်
ခူးဆွတ်ဖို့..စိုးရွံ.လို့နေတယ်
F▪️ကြင်နာသူသာ ခူးဆွတ်သူဖြစ်ပါ့စေလေ
M▪️ဆွတ်ယူမယ် ဟန်ပြင်ကာပင်
ယုယစွာ ထွေးပွေ.ထားပါမယ်......
F▪️ဘယ်လိုလူလာ ခူးဆွတ်မယ်
့တို့..ချစ်တဲ့ သူ့ရင်ခွင်ထဲ
နားခိုအိပ်စက်လွန်းလှလို့
မျှော်လင့်ဆဲပန်းချစ်သူ သူလာနိုး
ဟိုး....ဟို....ဟိုး.....အဝေးကြီးက
ပေါ်လာနိုး ပန်းချစ်သူစောင့်စားရင်း
M▪️အသာအယာဆွတ်ယူ
ရင်မှာသိမ်းထားမယ်
အိုလေ ပန်းလေးတစ်ပွင့်ရယ်
ပန်းကိုချစ်တဲ့ ပန်းချစ်သူ
ကိုယ်တိုင်ချူကာ ဆွတ်ခူးမယ် .......