နှင်းဆီမလေးချစ်ပုံပြင်
ရေး/စန္ဒရားကွန်းဇော်
ဆို /စိမ့်နေခြည်
upload&saung nya
****************
A-ဘယ်အတွက်ရယ်များ ဆူးတွေခြံရံထား
မလေးစံပယ်အား ပြောပါလား
မမနှင်းဆီပန်းရယ် မေးပါရစေလား
လောကရဲ့အချစ်ဝဲ သံသရာ
အလှအပစုဝေးရာ ချစ်စွာသောကမ္ဘာ
ဘာရယ်ကြောင့်များ သဘောထားအမှန်တရား
အညှာတွယ်မထောက်ထား ပြောစမ်းပါလား
B-ပွင့်နီဝါအရောင်ဖွေး ရမ္မက်သွေးဖိုစရာ
လှလိုက်တာလှလိုက်တာ သို့သော်ညား
ဆူးခက်တွေမနီးမဝေး ထွေးပိုက်လို့ထား
မမနှင်းဆီအနီလေး အကျည်းတန်သွား
ဘယ်အတွက်ရယ်များ ဆူးတွေခြံရံထား
မလေးစံပယ်အား ပြောပါလား....
မမနှင်းဆီပန်း ရယ်
မေး လိုက် သောအခါ....
A-ညီမငယ်ထွေးစံပယ်လေး နုနုထွေးရယ်
အလှလေးကြွယ်သော ချစ်စရာ့ကမ္ဘာလေးမှာ
အကျည်းတန်သော သဘောတွေမြင်လိမ့်မယ်
B-ဘဝင်သိမ့်သိမ့် ရင်ငြိမ့်ငြိမ့် စိမ့်လေသော
စမ်းရေလေးစီးသည့်နှယ် သာတဲ့အခါသာလိမ့်မယ်
A-ခြောက်သွေ့သော နွေလမ်းကိုလည်း
လျှောက်ရလိမ့်မယ် အချစ်ရဲ့ဒီသဘော
B-ဖြောင့်တန်းကွေ့ကောက် သွေ့ခြောက်စိုပြေ
ငိုမပြေရယ်မပျက် ဆန့်ကျင်ဘက်ဒီသဘော
တွေ့ရလိမ့်ဦးမယ်
A-နှင်းဆီအနီနက် ဆူး ခက် ဝေ ဆာ
အကျည်းတန်တာကြောင့်ကွယ်
အချစ်ရေးနယ်ပယ်
အသွယ်သွယ်သောအရေးမှ မင်းထက်စာရင်
ကင်းဝေးပါသေးတယ်
*****************
SOLO
*****************
B-ညီမငယ်ထွေးစံပယ်လေး နုနုထွေးရယ်
အလှလေးကြွယ်သော ချစ်စရာ့ကမ္ဘာလေးမှာ
အကျည်းတန်သော သဘောတွေမြင်လိမ့်မယ်
A-ဘဝင်သိမ့်သိမ့် ရင်ငြိမ့်ငြိမ့် စိမ့်လေသော
စမ်းရေလေးစီးသည့်နှယ်
သာတဲ့အခါသာလိမ့်မယ်
B-ခြောက်သွေ့သော နွေလမ်းကိုလည်း
လျှောက်ရလိမ့်မယ် အချစ်ရဲ့ဒီသဘော
A-ဖြောင့်တန်းကွေ့ကောက် သွေ့ခြောက်စိုပြေ
ငိုမပြေရယ်မပျက် ဆန့်ကျင်ဘက်ဒီသဘော
တွေ့ရလိမ့်ဦးမယ်
B-နှင်းဆီအနီနက် ဆူး ခက် ဝေ ဆာ
အကျည်းတန်တာကြောင့်ကွယ်
အချစ်ရေးနယ်ပယ်
အသွယ်သွယ်သောအရေးမှ မင်းထက်စာရင်
ကင်းဝေးပါသေးတယ်
A-အချစ်ဆိုသော...
အဖြေမရှိသည့်ထိုအရာရယ်...
အပေါ်ယံကြော မဖြစ်တဲ့
တော် မှန်သော အချစ်နဲ့
နှင်း ဆီ ပန်း ကို နမ်းလာလှည့်ပါ
ဆူး ခက်ကလေး တွေ
အဆိပ်ပြယ်စေရပါမယ်...
****************
ပျော်ရွှင်ချမ်းမြေ့ပါစေ
Saung Nya