"အိုကမ္ဘာမြေ"
တေးရေး ~ စိုင်းစိုင်းခမ်းလှိုင်
တေးဆို ~ စိုင်းစိုင်း & ချမ်းချမ်း
Uploader ~ ANChan
♂️ဒီကမ္ဘာကြီး
အဓိပါယ်တွေ ပြည့်နှက်နေတဲ့
ကမ္ဘာကြီး
အားလုံးရဲ့ကမ္ဘာကြီး
🎶🎶🅜🅢🅓🎶🎶
တစ်ခါတလေ နူးညံ့တယ်
တစ်ခါတလေ ရက်စက်တယ်
ဒီကမ္ဘာကြီး
ဒါကမ္ဘာကြီးပဲ
ဘယ်လို အဓိပါယ်တွေ
ဘယ်လို အဓိပါယ်တွေနဲ့
ကမ္ဘာကြီးလဲ
🎶🎶🅜🅢🅓🎶🎶
♂️ဘာတွေ ဖြစ်ကုန်ပြီလဲ
လုံးဝန်းတဲ့ကမ္ဘာကြီး
အရောင်တွေ ညစ်ကုန်ပြီလား
အားလုံးရဲ့ ကမ္ဘာကြီး
၂၃ ဒသမ ၅
တိမ်းစောင်းတဲ့ဒီဂရီ
ဖြစ်တည်နေတာက
နှစ်သန်းပေါင်းများစွာ ကြာပြီ
အချိန်နဲ့နေ့ရက် နာရီ
ရာသီတွေပြောင်းခဲ့
လူတွေအကုန်လုံးလဲ
အဆင့်ဆင့်တိုးတက် ပြောင်းလဲ
မပြောင်းလဲတာက
သင်္ခါရ သဘောတရား
အဟောင်းအနွမ်း အပုပ်အသိုးတွေ
ရေစုန်ထဲမျောသွား
ဒီလူတွေရဲ့လောက
မာန်မာနမောဟ
စိန်ခေါ်ပြီးပြိုင်ဆိုင်
နိုင်ချင်တဲ့လောဘ
မခံချင်တဲ့ဒေါသနဲ့ အာဃာတများ
ခက်ပြီ ဘယ်လိုနေရမလဲ
ဒါဟာသဘာဝလား
အသက်ရှုတဲ့လေထုထဲ
မီးခိုးတွေမွန်းကျပ်
ကောင်းကင်နဲ့ ပင်လယ်ကြီး
အဆိပ်သင့်လို့ ကျွမ်းမတတ်
ချစ်သောကံကြမ္မာရေ
ဒါတွေကဖြစ်နေ
မေးခွန်းတစ်ခုထပ်ဖြေပါ
ဘယ်မှာလဲအချစ်တွေ
♀️ဒီကမ္ဘာမြေကို
အကြင်နာတွေပေးခဲ့
ဒီကမ္ဘာမြေအတွက်
အချစ်မေတ္တာတွေရယ်
ဒီကမ္ဘာမြေအတွက်
ငါဆုတောင်းထားဆဲ
♂️ဒီလောကကြီး အတွက်
တစ်ခုပဲပေးပါ မေတ္တာတရား
♀️ဒီကမ္ဘာမြေကို
အကြင်နာတွေပေးခဲ့
ဒီကမ္ဘာမြေအတွက်
အချစ်မေတ္တာတွေရယ်
ဒီကမ္ဘာမြေအတွက်
ငါဆုတောင်းထားဆဲ
♂️ငါ့စိတ်က
ကြောက်ရွံ့လို့ပါ အမုန်းတရား
♂️ဘယ်မှာလဲ ချစ်တာတွေ
ဘယ်မှာလဲ မေတ္တာတွေ
ဘယ်မှာလဲ သစ္စာတွေ
♀️အကြင်နာတွေ ဘယ်မှာလဲ
ဟန်ဆောင်ပြီး ညစ်တာတွေ
မာန်ထောင်ပြီး အပြစ်ရှာနေ
ဒီကမ္ဘာမြေက နှစ်ကြာရှည်
♀️အကြင်နာတွေ ဘယ်မှာလဲ
အမယ်လေး အမယ်လေး
အန္တရာယ်တွေ့ပြီ
သဘာဝဒုက္ခ
အန္တရာယ်အများကြီး
ရပ်တည်တဲ့မြေကြီးမှာ
မြေငလျင်တွေလှုပ်ပြီ
လေမုန်တိုင်းတိုက်လို့
ရေတွေထဲမြုပ်ပြီ
လုပ်ပြီ ကြမ္မာဆိုး
နတ်ဆိုးလိုမွှေနှောက်
ကြေကွဲရတာများ
စိတ်တွေထဲက ဖြေဖျောက်
ပြေပျောက်ဖို့ ခက်ခဲအောင်
သေလောက်တဲ့ ဒဏ်ရာတွေ
အပျက်အစီးတွေ ကြားတွေထဲမှာ
သင်ခန်းစာတွေ ပြန်ရှာဖွေ
အတူနေတဲ့ ဒီကမ္ဘာမြေ
ကြာရှည်စိမ်းလန်းဖို့
ငါတို့ရဲ့ကလေးငယ်တွေ
ထာဝစဉ်ငြိမ်းချမ်းဖို့
အချိန်တန်ပြီဆို
ငါတို့စိတ်ထဲ မာန်တင်း
ဒီလောကကြီးအတွက်
အတူတူလက်တွဲ ဖန်ဆင်း
♀️ဒီကမ္ဘာမြေကို
အကြင်နာတွေပေးခဲ့
ဒီကမ္ဘာမြေအတွက်
အချစ်မေတ္တာတွေရယ်
ဒီကမ္ဘာမြေအတွက်
ငါဆုတောင်းထားဆဲ
♂️ဒီလောကကြီး အတွက်
တစ်ခုပဲပေးပါ မေတ္တာတရား
♀️ဒီကမ္ဘာမြေကို
အကြင်နာတွေပေးခဲ့
ဒီကမ္ဘာမြေအတွက်
အချစ်မေတ္တာတွေရယ်
ဒီကမ္ဘာမြေအတွက်
ငါဆုတောင်းထားဆဲ ဟေးရေး....
♂️ငါ့စိတ်က
ကြောက်ရွံ့လို့ပါ အမုန်းတရား
♂️လူတစ်ယောက်ရဲ့ လိုအပ်ချက်မှာ
အသက်ရှင်ဖို့က အရေးကြီးဆုံး
ဘယ်သူ ဒါကိုတွေးမိတုံး
ကိုယ့်ကိုကိုယ်ပြန်ပြီး မေးကြည့်ဦး
ပေးကြည့်ဦး ဖြူစင်တဲ့ကြင်နာမှု
လူတွေရဲ့ ရင်မှာအခု
ဒါတွေကို မမြင်ပါဘူး
မကောင်းဆိုးဝါးတွေက
ဒီကမ္ဘာမြေကို ခြိမ်းခြောက်
ကပ်ရောဂါ ဆိုးတွေလည်း
ကိုယ်ခန္ဒာကို ဟိန်းဟောက်
ငါကြောက်တယ်
ဝေဒနာတွေကို ကြောက်တယ်
နားလည် ခွင့်လွှတ်ခြင်းတွေ
ဘယ်ဆီကိုပျောက်ကွယ်
ရန်လိုသူတွေရဲ့
ဆုံးဖြတ်ချက် တစ်ဖက်စွန်း
ပူဆွေး ရီငေးတဲ့
လူတွေရဲ့မျက်ဝန်း
ကဲကဲဒါဆိုလည်း ရန်ပွဲတွေရပ်ပစ်
အဖြစ်ဆိုးတွေ နောက်ထပ်မဖြစ်အောင်
ရန်ငြိုးတွေဖြတ်ပစ်
ဝဋ်ဒုက္ခဆင်းရဲ
ရင်မဆိုင်လိုပါ ရှောင်လို့ပုန်း
ဆာလောင်သူတွေ အတွက်
ပေးလိုက်စမ်းပါ ပေါင်မုန့်တစ်လုံး
ချစ်သောကံကြမ္မာရေ
ကမ္ဘာမြေပြင်ကို ကယ်တင်ဦး
တိုင်တည်နေခဲ့
အသက်ရှင်နေသူ အကုန်လုံး
အတွက်....
♀️ဒီကမ္ဘာမြေကို
အကြင်နာတွေပေးခဲ့
ဒီကမ္ဘာမြေအတွက်
အချစ်မေတ္တာတွေရယ်
ဒီကမ္ဘာမြေအတွက်
ငါဆုတောင်းထားဆဲ
♂️ဒီလောကကြီး အတွက်
တစ်ခုပဲပေးပါ မေတ္တာတရား
♀️ဒီကမ္ဘာမြေကို
အကြင်နာတွေပေးခဲ့
ဒီကမ္ဘာမြေအတွက်
အချစ်မေတ္တာတွေရယ်
ဒီကမ္ဘာမြေအတွက် (♂️ငါ့စိတ်က)
ငါဆုတောင်းထားဆဲ (♂️ငါ့စိတ်က)
♂️ငါ့စိတ်က
ကြောက်ရွံ့လို့ပါ အမုန်းတရား
♀️ဒီကမ္ဘာမြေကို
အကြင်နာတွေပေးခဲ့ (♂️အကြင်နာတွေပေးခဲ့)
ဒီကမ္ဘာမြေအတွက်
အချစ်မေတ္တာတွေရယ် (♂️အချစ်မေတ္တာတွေပေးခဲ့)
ဒီကမ္ဘာမြေအတွက်
ငါဆုတောင်းထားဆဲ
♂️ဒီလောကကြီး အတွက်
တစ်ခုပဲပေးပါ မေတ္တာတရား
♀️ဒီကမ္ဘာမြေကို
အကြင်နာတွေပေးခဲ့ (♂️အကြင်နာတွေပေးခဲ့)
ဒီကမ္ဘာမြေအတွက်
အချစ်မေတ္တာတွေရယ် (♂️Please!)
ဒီကမ္ဘာမြေအတွက် (♂️Oh! Please)
ငါဆုတောင်းထားဆဲ
♂️ငါ့စိတ်က
ကြောက်ရွံ့လို့ပါ အမုန်းတရား ....
🅣🅗🅐🅝🅚 🅨🅞🅤