မျက်ဝန်းမှတဆင့်
ဆို .. ဗညားဟန်+စိုးစန္ဒာထွန်း
(က+မ) မျက်ဝန်း မှတစ်ဆင့်
စိတ်ကူးထင်သမျှ
လှနေပါတယ် လှနေပါတယ်...
(မ) အို လှတယ်ဆန်းကြယ်
ဘဝင်အသည်း ငြိတွယ်အောင်ကွယ်
ရှုခင်းလေးတွေသာတယ်
ချစ်စရာပဲကွယ်
ပျော်တယ်ကိုရယ် ရင်မှာချမ်းမြ
လှချင်တိုင်း လှနေကြတယ်..
(က) လှသထက်လှအောင်ပဲ
ခရေကုံးကလေးကို ပန်ပါကွယ်
မွှေးတယ် ပျံ့ တယ်ဖြူဖြူလေး
ကြူကြူမွှေး အသည်းမှာကွယ်
အိုလှတယ် ညိုမြရယ်
ခရေပန်းကုံး ဖုန်း ကျော့နွယ်..
(မ) အို လှသတဲ့လား
ထပ်ပြောစမ်းပါအုံးတော့ကွယ်
ပန်းကပဲလှတာလား
လူကလှတာလားကွယ်
(က) လူကလည်း လှတယ် လှတယ်
ပန်းနှယ်တူတယ်
ပန်းခရေလေးမွှေးသလိုပဲ
သူ့သဘောလေးဖြူ ဖွေးလှတယ်
(က) ခရေလမ်းကလေး ပန်းအဖွေးသား
စမ်းနံဘေးနား အတူလျှောက်လည်
(မ) လေဖြန်းကလေး အလှမ်းဝေးသား
စခန်းလေးရောက်အောင် အတူသွားမယ်
(က) ပန်းခရေတွေ မြေမှာကြဲတော့
(မ) နွမ်းကြွေပါစေ ခြွေမှာပဲပေါ့
(က+မ) လန်းလန်းလှလှ
သင်သင်းလှိုင်လှိုင်ကြွယ်...
(က) ခရေလမ်းကလေး ပန်းအဖွေးသား
စမ်းနံဘေးနား အတူလျှောက်လည်
(မ) လေဖြန်းကလေး အလှမ်းဝေးသား
စခန်းလေးရောက်အောင် အတူသွားမယ်
(က) ပန်းခရေတွေ မြေမှာကြဲတော့
(မ) နွမ်းကြွေပါစေ ခြွေမှာပဲပေါ့
(က+မ) လန်းလန်းလှလှ
သင်သင်းလှိုင်လှိုင်ကြွယ်...
(မ) အို လှတယ်ဆန်းကြယ်
ဘဝင်အသည်း ငြိတွယ်အောင်ကွယ်
ရှုခင်းလေးတွေသာတယ်ချစ်စရာပဲကွယ်
ပျော်တယ်ကိုရယ် ရင်မှာချမ်းမြ
လှချင်တိုင်း လှနေကြတယ်...
(က) လှသထက်လှအောင်ပဲ
ခရေကုံးကလေးကို ပန်ပါကွယ်
မွှေးတယ် ပျံ့ တယ်ဖြူဖြူလေး
ကြူကြူမွှေး အသည်းမှာကွယ်
အိုလှတယ် ညိုမြရယ်
ခရေပန်းကုံး ဖုန်း ကျော့နွယ်...
(မ) အို လှသတဲ့လား
ထပ်ပြောစမ်းပါအုံးတော့ကွယ်
ပန်းကပဲလှတာလား
လူကလှတာလားကွယ်
(က) လူကလည်း လှတယ် လှတယ်
ပန်းနှယ်တူတယ်
ပန်းခရေလေးမွှေးသလိုပဲ
သူ့သဘောလေးဖြူ ဖွေးလှတယ်...
(က) ခရေလမ်းကလေး ပန်းအဖွေးသား
စမ်းနံဘေးနား အတူလျှောက်လည်
(မ) လေဖြန်းကလေး အလှမ်းဝေးသား
စခန်းလေးရောက်အောင် အတူသွားမယ်
(က) ပန်းခရေတွေ မြေမှာကြဲတော့
နွမ်းကြွေပါစေ ခြွေမှာပဲပေါ့
(က+မ)လန်းလန်းလှလှ
သင်သင်းလှိုင်လှိုင်ကြွယ်..
(က) ခရေလမ်းကလေး ပန်းအဖွေးသား
စမ်းနံဘေးနား အတူလျှောက်လည်
(မ) လေဖြန်းကလေး အလှမ်းဝေးသား
စခန်းလေးရောက်အောင် အတူသွားမယ်
(က) ပန်းခရေတွေ မြေမှာကြဲတော့
(မ) နွမ်းကြွေပါစေ ခြွေမှာပဲပေါ့
(က+မ)လန်းလန်းလှလှ
သင်သင်းလှိုင်လှိုင်ကြွယ်..
(က+မ) မျက်ဝန်း မှတစ်ဆင့်
စိတ်ကူး ထင်သမျှ
လှနေပါတယ်..လှနေပါတယ်....
ရွှင်လန်းချမ်းမြေ့ကြပါစေ....