menu-iconlogo
huatong
huatong
avatar

မပိုင်သူကိုယ့်သံသယ(Female Version)

ဆိုင်စံhuatong
AyeKyaw(UOo)huatong
Letra
Gravações
အလှအပတရားကိုသာ

ကိုးကွယ်ကြတဲ့

လူတွေသဘောကို လွန်ဆန်ပြီး

ကိုယ်လို လူတစ်ယောက်

ကိုမှရွေး တတ်တယ်

အချစ်ရဲ့ နှလုံးသား ဆုံးဖြတ်ချက်ကို

မပြင်စတမ်းလား

စိုးရွံ့ အားငယ်စိတ် ကလေးတွေ ရောလို့

ကဗျာမဆန် ပန်းမဆန်တဲ့ ကိုယ့်အသည်း

ပန်ဆင်ဝံ့လည်း အဖြူပေါ်စွန်း မယ့်အရောင်

.နွမ်းညစ် လို့ကွယ်

ကိုယ်ဘက် လိပ်ပြာ မသန့်သေးတယ်

ကိုယ့်ဘဝလမ်းမှာ တုံ့ပြန်အပြုံးတွေ

မရှိဘူးလို့ စိတ်ချနေကာမှ

ရိုက်ခတ်လာတဲ့

နှလုံးသားရဲ့ ပဲ့တင်သံလေးရယ်

ချိုတာကိုခါး စေတဲ့

အသိုင်း အဝိုင်းတွေကြား

ငိုသံနဲ့ရောကာ လွင့်ပါးမှာပဲ စိုးတယ်

လုံးဝမရရင်လဲ အကောင်းပါ

အခုတော့ မပိုင်ဆိုင် ရခင်မို့ ရတက်မအေး

ရင်မှာသံသယတွေ ကအားကောင်းနေ ဆဲပဲ

အချစ်ရယ် မိုးထက် ဂရုဏာသံလေးရယ်

ကိုယ့်ဘဝလမ်းမှာ တုံ့ပြန်အပြုံးတွေ

မရှိဘူးလို့ စိတ်ချနေကာမှ

ရိုက်ခတ်လာတဲ့

နှလုံးသားရဲ့ ပဲ့တင်သံလေးရယ်

ချိုတာကိုခါး စေတဲ့

အသိုင်း အဝိုင်းတွေကြား

ငိုသံနဲ့ရောကာ လွင့်ပါးမှာပဲ စိုးတယ်

လုံးဝမရရင်လဲ အကောင်းပါ

အခုတော့ မပိုင်ဆိုင် ရခင်မို့ ရတက်မအေး

ရင်မှာသံသယတွေ ကအားကောင်းနေ ဆဲပဲ

အချစ်ရယ် မိုးထက် ဂရုဏာသံလေးရယ်

Mais de ဆိုင်စံ

Ver todaslogo