မြစ်နှစ်စင်းရဲ့ပင်လယ်
Rဇာနည် ဆုန်သင်းပါရ်
အို..ကိုယ့်ရဲ့ မျက်ဝန်းမှာ
မင်းရဲ့ ရုပ်ပုံများသာ
နေရာယူနေဆဲပဲ
အမြဲတမ်း ခိုင်မြဲတယ်
ဘယ်လိုပျောက်ပျက်မသွားနိုင်တယ်
အို..ကိုယ့်ရဲ့စိတ်ကူးထဲ
မင်းအကြောင်းများ အချိန်တိုင်းပဲ
အရာရာမင်းနဲ့ သက်ဆိုင်တယ်
ကိုယ်နဲ့မင်းဟာတစ်ယောက်ထဲပဲ
တို့ရဲ့ရင်ခုန်ခြင်းတွေ
တူညီလို့သွားတယ်
ပင်လယ်ထဲသို့စီးဝင်ဆဲ
သူရယ်ကိုယ်ရယ်
အပြာရောင်မြစ်တစ်စင်းပဲ
တို့ဘဝတွေဒီမှာ တစ်ခုတည်းဖြစ်ခဲ့တယ်
ပင်လယ်ထဲသို့စီးဝင်ဆဲ
ဘယ်သူ ခွဲခြားထားနိုင်မလဲ
အရာရာဟာ တစ်ခုတည်း
တို့နှစ်ယောက်စီးဝင်ခဲ့
အချစ်ပင်လယ်
ကိုယ်လျှောက်ခဲ့ ခြေလှမ်းများ
ကိုယ်လျှောက်ခဲ့ လမ်းတွေရယ်
မင်းစိတ်ရဲ့ စေညွှန်းရာ
အို..ယုံကြည်တဲ့ လမ်းပေါ်
မင်းလေးနင်းလျှောက်လာခဲ့တယ်
ခြေရာတွေဟာ တစ်ထပ်တည်းပဲ
ပင်လယ်ထဲသို့စီးဝင်ဆဲ
သူရယ်ကိုယ်ရယ်
အပြာရောင်မြစ်တစ်စင်းပဲ
တို့ဘဝတွေဒီမှာ တစ်ခုတည်းဖြစ်ခဲ့တယ်
ပင်လယ်ထဲသို့စီးဝင်ဆဲ
ဘယ်သူ ခွဲခြားထားနိုင်မလဲ
အရာရာဟာ တစ်ခုတည်း
တို့နှစ်ယောက်စီးဝင်ခဲ့
အချစ်ပင်လယ်
အတွေးများအားလုံး မင်းအတိုင်းပဲ
အိပ်မက်အားလုံး မင်းအတိုင်းပဲ
ယုံကြည်တာတွေမင်းရဲ့အတိုင်းပါပဲ
အို..ပင်လယ် ထဲသို့စီးဝင်ဆဲ
သူရယ်ကိုယ်ရယ်
အပြာရောင်မြစ်တစ်စင်းပဲ
တို့ဘဝတွေဒီမှာ တစ်ခုတည်းဖြစ်ခဲ့တယ်
ပင်လယ်ထဲသို့စီးဝင်ဆဲ
ဘယ်သူ ခွဲခြားထားနိုင်မလဲ
အရာရာဟာ တစ်ခုတည်း
တို့နှစ်ယောက်စီးဝင်ခဲ့
ပင်လယ်ထဲသို့စီးဝင်ဆဲ
သူရယ်ကိုယ်ရယ်
အပြာရောင်မြစ်တစ်စင်းပဲ
တို့ဘဝတွေဒီမှာ တစ်ခုတည်းဖြစ်ခဲ့တယ်
ပင်လယ်ထဲသို့စီးဝင်ဆဲ
ဘယ်သူ ခွဲခြားထားနိုင်မလဲ
အရာရာဟာ တစ်ခုတည်း
တို့နှစ်ယောက်စီးဝင်ခဲ့
အချစ်ပင်လယ်