menu-iconlogo
huatong
huatong
avatar

အချစ်မာယာဆူးနွယ်များ

ဇာနည်အောင်huatong
తꀧతsaungతꀧతhuatong
Letra
Gravações
အချစ်မာယာဆူးနွယ်များ

တေးရေး -အထ္တရံမင်းသူ

တေးဆို -ဇာနည်အောင်

ရွှန်းရွှန်း ဝေ လို့

သကာထက်ချို မေ့စကားလေးတွေ

အခုတော့တမာတောင် မယှဉ်နိုင်

မုန်းတလီ စိမ်း တစ်လှည့်

အကွေ့အကောက် ရယ်များ

မေ့ရဲ့မေတ္တာ အချစ်ဝင်္ကပါ....

လှောင်ချိုင့်အတွင်း မှာ

အပျံ ခက်တဲ့ ငှက်ငယ်ပုံပမာ

မောင့်ဘဝ လည်း

အချစ်နှုံးထဲမှာ ရုန်းထွက် မလွယ်ပါ...

နှောင် ဖွဲ့လို့ချည်ထား

အချစ်မာယာဆူးနွယ်များ

မောင့်အသည်းနှလုံးမှာ

တစ်ရစ်ရစ်ကယ် တိုး လာ

ဘယ်သို့ဘယ်ပုံ ခံနိုင်ရည်အား မွေး ရမှာ

အချစ်ရဲ့ ရပ်ဝန်းတစ်နေရာ

နှလုံးသား ဖြေသိမ့်စေရာ

ရှာလေရယ်ဝေး ဝေးခဲ့မောင့်မှာ..

အချစ်လေကြမ်းလား အမုန်းရဲ့မုန်တိုင်းလား

ရုတ်တရက် မခေါ်ပဲ ရောက်လာ

အချစ်ရူးခဲ့ အမိုက်ကလေး မောင့်ကမ္ဘာ မှာ

မာယာအချစ်ဆုံး မေ့အမုန်းလက်ဆောင်

အလွမ်းပန်း တစ်ရာ အဆွေးပန်း ကမ္ဘာ

အဆွေးပန်း ကမ္ဘာ အလွမ်းပန်း တစ်ရာ

အသက်ဆုံးသ၍ ခံစားသွားမှာပါ..

အမုန်းခံအဆုံးသမား ဒုက္ခဝေဒနာ

တမလွန်အထိ သိမ်းလို့သွားမှာပါ....

ရွှန်းရွှန်း ဝေ လို့

သကာထက်ချို မေ့စကားလေးတွေ

အခုတော့ တမာတောင်မယှဉ်နိုင်

မုန်းတလီ စိမ်း တစ်လှည့်

အကွေ့အကောက်ရယ်များ

မေ့ရဲ့မေတ္တာ အချစ်ဝင်္ကပါ....

လှောင်ချိုင့်အတွင်း မှာ

အပျံ ခက်တဲ့ ငှက်ငယ်ပုံပမာ

မောင့်ဘဝ လည်း

အချစ်နှုံးထဲမှာ ရုန်းထွက် မလွယ်ပါ...

နှောင် ဖွဲ့လို့ချည်ထား

အချစ်မာယာဆူးနွယ်များ

မောင့်အသည်းနှလုံးမှာ

တစ်ရစ်ရစ်ကယ်တိုးလာ

ဘယ်သို့ဘယ်ပုံ ခံနိုင်ရည်အား မွေး ရမှာ

အချစ်ရဲ့ ရပ်ဝန်းတစ်နေရာ

နှလုံးသားဖြေသိမ့်စေရာ

ရှာလေရယ်ဝေး ဝေးခဲ့မောင့်မှာ...

အချစ်လေကြမ်းလား အမုန်းရဲ့မုန်တိုင်းလား

ရုတ်တရက် မခေါ်ပဲရောက်လာ

အချစ်ရူးခဲ့ အမိုက်ကလေး မောင့်ကမ္ဘာ မှာ

မာယာအချစ်ဆုံး မေ့အမုန်းလက်ဆောင်

အလွမ်းပန်း တစ်ရာ အဆွေးပန်း ကမ္ဘာ

အဆွေးပန်း ကမ္ဘာ အလွမ်းပန်း တစ်ရာ

အသက်ဆုံးသ၍ ခံစားသွားမှာပါ..

အမုန်းခံအဆုံးသမား ဒုက္ခဝေဒနာ

တမလွန်အထိ သိမ်းလို့သွားမှာပါ....

Mais de ဇာနည်အောင်

Ver todaslogo