menu-iconlogo
huatong
huatong
avatar

တခါကလက်ဆောင်

တင်ဇာ​မော်huatong
sack1396huatong
Letra
Gravações
တစ်ခါကလက်ဆောင်

တင်ဇာမော်

တစ်နွေရောက်ဦးမလား ဟေမန်နှင်းရေ

စွဲလန်းတုန်းပါလေ

အိပ်မက်ဟောင်းထိ

တစ်ခါပြန်ကာ ရောက်ရှိခဲ့တော့

အသည်းရင်ခွင်မှာ

ငါနာကျင်စွာနဲ့ မှတ်မိတုန်းပါလား

ဒီအချိန်မှာပဲ မင်းနဲ့ တွေ့ဆုံတော့

ဘယ်လိုမေ့မလဲ ချစ်သူ

လက်ဆောင်ကို မင်းပေးဖူး

ရင်ခုန်စွာ ကိုယ် ကျေနပ် လို့

မျက်ရည်ဝိုင်း......

အရာရာစိတ်ချ

ယုံကြည်စွာ ချစ်ခဲ့သော

မင်းနဲ့ ဝေးလေပြီ

ဒီကံကြမ္မာ ရေလှိုင်း

မတည်ငြိမ်စွာ ရိုက်ခတ်လို့

တို့ လွင့်ထွက်ပြီး

တကယ်ဆိုခဲ့သော တို့ရဲ့ သစ္စာများ

ဘယ်သူကိုမှ မင်းလောက်

မချစ်ဖူးတော့

ဘယ်လိုမေ့မလဲ ချစ်သူ

လက်ဆောင်ဟာ မဟောင်းသေးဘူး

ရင်ခုန်စွာ ကိုယ် ကျေနပ် လို့

မျက်ရည် ဝိုင်း......

ဒါ ဒါ ဒါ ဒါး ဒါး ဒါ

တကယ်ဆိုခဲ့သော တို့ရဲ့ သစ္စာများ

ဘယ်သူကိုမှ မင်းလောက် မချစ်ဖူးတော့

ဘယ်လိုမေ့မလဲ ချစ်သူ

လက်ဆောင်ဟာ မဟောင်းသေးဘူး

ရင်ခုန်စွာ ကိုယ် ကျေနပ် လို့

မျက်ရည် ဝိုင်း......

ဝိုး ဟိုး

ပြန်ဆုံမယ် ကိုယ်ဆုတောင်း..

အလွမ်းနေ့တွေတိုင်း...

Mais de တင်ဇာ​မော်

Ver todaslogo