သာပါလိမ့်မယ် ရွှေကျီးညို 
တွံတေးသိန်းတန် 
တေးရေး ပန်တျာချစ်လှိုင် 
မျှော်ရှာပြီထင်ပါလေရဲ့ 
ပြန်လာမယ့်ရက်ကို ရက်ကို 
တွက်ကာဆို လက်ရေချိုး 
တစ်မိုးနှောင်းတစ်ဆောင်းသစ်ရင်ဖြင့် 
မောင်ပြန်ချိန် သင့်ရင်တော့ဆို 
မှာတမ်းစာများရေးဖို့မလို 
အခါခါခွန်းချို 
သာပါလိမ့်မယ်ရွှေကျီး ညို 
မျှော်ရှာပြီထင်ပါလေရဲ့ 
ပြန်လာမယ့်ရက်ကို ရက်ကို 
တွက်ကာဆို လက်ရေချိုး 
တစ်မိုးနှောင်းတစ်ဆောင်းသစ်ရင်ဖြင့် 
မောင်ပြန်ချိန် သင့်ရင်တော့ဆို 
မှာတမ်းစာများရေးဖို့မလို 
အခါခါခွန်းချို 
သာပါလိမ့်မယ်ရွှေကျီး ညို 
မနက်လာမှာလားဆို 
နေ့လည်ရောက်မှာလားဆို 
ညနေချိန်လာမှာလားလို့ 
ဗျာများနေစရာမလို 
မနက်လာမှာလားဆို 
နေ့လည်ရောက်မှာလားဆို 
ညနေချိန်လာမှာလားလို့ 
ဗျာများနေစရာမလို 
သူနားနေရာကို 
မေသွားကာအစာကျွေးလို့ 
မေးလိုရာမေး 
ဖြေကြားလိမ့်မယ်ကွဲ့ ပျို 
မောင်ပြန်ရောက်ချိန်ကို 
မောင်ပြန်ရောက်ချိန်ကို 
မျှော်တဲ့သူပျို 
မှာတမ်းစာများရေးဖို့မလို 
အခါခါခွန်းချို 
သာပါလိမ့်မယ်ရွှေကျီး ညို 
မနက်လာမှာလားဆို 
နေ့လည်ရောက်မှာလားဆို 
ညနေချိန်လာမှာလားလို့ 
ဗျာများနေစရာမလို 
မနက်လာမှာလားဆို 
နေ့လည်ရောက်မှာလားဆို 
ညနေချိန်လာမှာလားလို့ 
ဗျာများနေစရာမလို 
သူနားနေရာကို 
မေသွားကာအစာကျွေးလို့ 
မေးလိုရာမေး 
ဖြေကြားလိမ့်မယ်ကွဲ့ ပျို 
မောင်ပြန်ရောက်ချိန်ကို 
မောင်ပြန်ရောက်ချိန်ကို 
မျှော်တဲ့သူပျို 
မှာတမ်းစာများရေးဖို့မလို 
အခါခါခွန်းချို 
သာပါလိမ့်မယ်ရွှေကျီး ညို 
ချိန်ရာသီ ကြာညောင်းပြန်တော့ 
အလာနှောင်းတယ်လို့ 
အပြစ်တော်တင်မှာလား ပျို 
မောင်လည်း မေ့လို 
နေ့စဉ်ပဲလွမ်း စိတ်ပို 
ချိန်ရာသီ ကြာညောင်းပြန်တော့ 
အလာနှောင်းတယ်လို့ 
အပြစ်တော်တင်မှာလား ပျို 
မောင်လည်း မေ့လို 
နေ့စဉ်ပဲလွမ်း စိတ်ပို 
မျှော် မျှော်လေတိုင်း 
မှိုင်းမှိုင်းရယ်စို 
ပြန်ရက်ကို အကြံခက်လို့ဆွေး စိတ်ပို 
တွေးတထိတ်ထိတ်ရင်ဖို 
မြင်သလိုလိုမေ့မျက်နှာလေးကို 
မျှော် မျှော်လေတိုင်း 
မှိုင်းမှိုင်းရယ်စို 
ပြန်ရက်ကို အကြံခက်လို့ဆွေး စိတ်ပို 
တွေးတထိတ်ထိတ်ရင်ဖို 
မြင်သလိုလိုမေ့မျက်နှာလေးကို 
မေသိစေချင်တဲ့ 
မောင်ပြန်ချိန်ကို 
အခါခါခွန်းချို 
သာပါလိမ့်မယ်ရွှေကျီး ညို 
မျှော် မျှော်လေတိုင်း 
မှိုင်းမှိုင်းရယ်စို 
ပြန်ရက်ကို အကြံခက်လို့ဆွေး စိတ်ပို 
တွေးတထိတ်ထိတ်ရင်ဖို 
မြင်သလိုလိုမေ့မျက်နှာလေးကို 
မျှော် မျှော်လေတိုင်း 
မှိုင်းမှိုင်းရယ်စို 
ပြန်ရက်ကို အကြံခက်လို့ဆွေး စိတ်ပို 
တွေးတထိတ်ထိတ်ရင်ဖို 
မြင်သလိုလိုမေ့မျက်နှာလေးကို 
မေသိစေချင်တဲ့ 
မောင်ပြန်ချိန်ကို 
အခါခါခွန်းချို 
သာပါလိမ့်မယ်ရွှေကျီး ညို 
ကျေးဇူးတင်ပါတယ် ..