menu-iconlogo
huatong
huatong
avatar

ကြယ်ကြွေညတိုင်းဆုတောင်းမယ်

နန္ဒဧရာhuatong
anitkramhuatong
Letra
Gravações
ကြယ်ကြွေညတိုင်းဆုတောင်းမယ်

ညည့်သန်းခေါင်ယံ လေပြေညှင်းကြောင့်

မြောလွှင့်သွားတဲ့ လရောင်တန်းရဲ့ တစ်ဒေသကို

အနန္တတံတိုင်း ပရ၀ုဏ်အသိ အာရုံဖြန့်လို့

စိတ်တွေရွက်လွင့်လိုက်ရှာနေရင်း

ကြယ်တွေကြားမှာရင်ရင်လေးနဲ့လှတဲ့မင်းကို

မျှော်လင့်မထားဘဲတွေ့လိုက်တယ်

နူးညံ့တိမ်ယံ ထာရ၀အလင်းနဲ့

ကြယ်စင်မုန်းတဲ့

ညဆောင်တန်းနဲ့ ထပ်ထားထံ

မျှော်ရည်မှန်းရင်ခွင်လမ်းကငုံဆင်ပန်းမို့

မေတ္တာကြိုးယှက် ပန်းဖောင်ဖွဲ့ရင်း

ပန်လိုစိတ်သာရင်မှာပြည့်နှက် ဆက်သလိုက်တယ်

ယူခါနမ်းခိုက် ပန်းပွင့်စေ

စွဲငြိကာရန် သာယာခြင်းရဲ့ ရင်ခုန်စည်ချက်

ရစ်ခြုံလွှမ်းမယ့်သခင်မထံ

သသုန်မြေစောင်းပိုသည်အထိသံစဉ်ဖွဲ့လို့

ညှို့ငင်လွမ်းချင်းဆွေးသီနေရင်း

တိုင်တည်သစ္စာရွှေနားတော်နားအရောက်

ကြူးရင့်လိုက်တယ်

အာကာတစ်သောင်းအထိပျံ့လွင့်စေ

ရင့်ကျက်အိနြေ္ဒ

ထည်ဝါခြင်းရဲ့ ဂုဏ်သတင်းနဲ့

မွှေးထုံသင်းတဲ့အချစ်ဆုံးထံ

အိမ်မက်အလွမ်း

ထောင်ချီကိုအသည်းနဲ့ရင်းလို့

ဦးကိုညွှတ်လျက် လှမ်းလွှင့်တင်ရင်း

ဆုံနိုင်ဖို့ကိုရင်မှာမှန်းဆတမ်းတရင်းနဲ့

ကြယ်ကြွေညတိုင်းဆုတောင်းမယ်…

ကျေးဇူးတင်ပါတယ်

THUUTHUU

Lyrics by Dlinn090

Mais de နန္ဒဧရာ

Ver todaslogo