menu-iconlogo
huatong
huatong
avatar

မေ့ပစ်လိုက်ပြီ

ပိုပိုhuatong
laertipeekhuatong
Letra
Gravações
မေ့ပစ်လိုက်ပြီမင်းကို

မသိသလိုဟန်ဆောင်ရင်း

သူစိမ်းတစ်ယောက်ထက်မပိုတော့ဘူး

အလွမ်းတွေနာကျင်သော

ငါသွားမယ့်လမ်းမှာတွေ့ခဲ့ရင်တောင်

မင်းကိုငါမသိချင်ယောင်ဆောင်လိုက်မယ်

အကောင်းဆုံးမင်းနဲ့တွေ့ခဲ့ပါတယ်

ပျော်ရွှင်စရာအတိတ်တွေ ငါကျေနပ်တယ်

အချစ်ဆိုတာဒီလိုပဲပေါ့ကွယ်

နာကျင်တယ်ဆိုလည်းငါ့ကိုမချစ်တော့တဲ့

မင်းကို မေ့ပစ်နိုင်ဖို့အတွက် အချိန်တွေ

အများကြီးတော့လိုမယ် သေချာတယ်

မင်းကိုငါမေ့ပစ်နိုင်တယ်

သိမ်းဆည်းလိုက်ပြီ အချစ်တွေကို

တစ်စစီမြေမြုပ်ရင်း

ဘယ်သူ့ကြောင့်ပဲနင်ခံစားရပါစေ ငါမပူတော့

နင်သွားမယ့်လမ်းမှာ တွေ့ခဲ့ရင်တောင်

ငါ့ကိုနင်မသိချင်ယောင်ဆောင်လိုက်ပါ

ဒီ့ထက်ပိုပြီး မလွမ်းတတ်ချင်ဘူး

နာကျင်စရာအတိတ်တွေ ငါမှတ်ထားတယ်

အရင်အချိန်တွေဆို

ငါချစ်တဲ့မင်းကိုပျော်ရွှင်စေခဲ့လည်း

အပြန်အလှန်မရှိတဲ့အချစ်တစ်ခုအတွက်

ငါဘာကြောင့်မို့ဝမ်းနည်းရမှာလဲ

နင်နာကျင်ရင်အနားရှိခဲ့တဲ့အချစ်ကို

နင်မမြင်နိုင်တော့လည်း

ငါဟာနင့်အတွက်တော့အပိုပဲ

တကယ်ပါမင်းရဲ့အချစ်နဲ့မထိုက်သင့်တဲ့သူမို့

အချစ်ဆိုတာဒီလိုပဲပေါ့

တစ်ခါတစ်ရံမှာနာကျင်မှာပဲ

ဒီရင်ဘတ်ကမမေ့နိုင်လည်း ရင်နာစရာသုံးပြီး

မင်းကိုမေ့ပစ်လိုက်မှာပဲ

ငါသွားမယ့်လမ်းမှာတွေ့ခဲ့ရင်တောင်

မင်းကိုငါမသိချင်ယောင်ဆောင်လိုက်မယ်

အကောင်းဆုံးမင်းနဲ့တွေ့ခဲ့တာပဲ

ပျော်ရွှင်စရာအတိတ်တွေ ငါမှတ်ထားတယ်

အချစ်ဆိုတာဒီလိုပဲပေါ့ကွယ်

နာကျင်တယ်ဆိုလည်းငါ့ကိုမချစ်ခဲ့တဲ့မင်းကို

မေ့ပစ်နိုင်ဖို့အတွက်

အချိန်တွေအများကြီးတော့လိုမယ်

သေချာတယ် မင်းကိုငါမေ့ပစ်နိုင်တယ်

Mais de ပိုပို

Ver todaslogo
မေ့ပစ်လိုက်ပြီ de ပိုပို – Letras & Covers