menu-iconlogo
huatong
huatong
avatar

ရွှေရောင်အနာဂက်

ပိုပိုhuatong
tishayousifhuatong
Letra
Gravações
ရွှေရောင်အနာဂတ်

မချစ်တတ်တဲ့လူတွေကြားမှာ ငါရှင်သန်

အိမ်မက်အတွက်ရုန်းကန်ဖန်တီးရချိန်မှာ

မျှော်လင့်ချက်သဲ့သဲ့လေးကိုစုတ်ကိုင်ထား

ကမ္ဘာကြီးကမမျှတဘူးလို့တွေးမိကာ

ကိုယ်ချင်းလည်းမစာနာတတ်သူလူတွေကြား

နာကြည်းချက်တွေများလာဒီနှလုံးသား

ဘယ်တော့မှမငိုကြွေးဘူး

ဘယ်တော့မှအရှုံးမပေးဘူး ယုံ.....

လူတစ်ချို့ကအကြင်နာတရားမရှိပါ

စာနာတတ်တဲ့စိတ်ထားလည်းမရှိပါ

တကယ်ပါခက်ခဲလွန်းနေတဲ့ဒီမုန်တိုင်းတွေ

တကယ်ကိုခက်ခဲကြမ်းတမ်းတဲ့ဒီဘဝခရီးမှာ

ရှေ့ဆက်ဖို့ခက်နေတယ်

ကောက်ရိုးလေးတစ်မျှင်အတွက်

ဘယ်မှာရှင်သန်ရမလဲ

လူတွေစာနာတတ်ဖို့တောင်းဆုပြုလိုက်ချင်

အရာရာအောင်မြင်ဖို့အတွက်ငါကြိုးစားတယ်

အမှောင်ထဲမှာငါကျိတ်ငိုနေရတဲ့အချိန်တွေ

သူတို့မသိနိုင်ပြီ

ဘယ်မှာလည်းအချစ်မေတ္တာတွေ

ဘယ်မှာလည်းအချစ်ဂရုဏာတွေ

အားလုံးအကြင်နာတရားတွေပျောက်ပြယ်လို့သွား

ဒီလူလောကဘောင်မှာ ၁ယောက်တည်း

လမ်းလျှောက်ချိန်မှာ ခွန်အားမဲ့နေတဲ့ဘဝ

လူတစ်ချို့ကအကြင်နာတရားမရှိပါ

စာနာတတ်တဲ့စိတ်ထားလည်းမရှိပါ

တကယ်ပါခက်ခဲလွန်းနေတဲ့ဒီမုန်တိုင်းတွေ

တကယ်ကိုခက်ခဲကြမ်းတမ်းတဲ့ဒီဘဝခရီးမှာ

ရှေ့ဆက်ဖို့ခက်နေတယ်

ကောက်ရိုးလေးတစ်မျှင်အတွက်

ဘယ်မှာရှင်သန်ရမလဲ

လူတွေစာနာတတ်ဖို့တောင်းဆုပြုလိုက်ချင်

အရာရာအဆင်ပြေဖို့အတွက်ငါကြိုးစားချင်

အမှောင်ထဲမှာငါကျိတ်ငိုနေရတဲ့အချိန်တွေ

သူတို့မသိနိုင်ပြီ

ငါလေမငိုဘူးကွယ် ငါလေကျော်လွှားမယ်

အခါခါကျရှုံးခဲ့တဲ့ဘဝကို ငါလေဖြတ်သန်းမယ်

ရွှေရောင်စိတ်ကူးနဲ့ ရွှေရောင်အနာဂတ်အတွက်

စိန်ခေါ်မှုများအားတင်းပြီးတော့

ရှေ့ဆက်လှမ်းနိုင်မယ်

ငါယုံကြည်တယ်

ကျေးဇူးတင်ပါတယ်

Mais de ပိုပို

Ver todaslogo