အလွမ်းမိုးရာသီ
မင်းဂျွန်စိုး
ပိုးအိစံ
My name is
1•အလွမ်းတွေကို သယ်ဆောင်လာတဲ့
မုတ်သုန်မိုးမင်းရယ်...
ဇွန်ပန်းတွေ ဖူးပွင့်ကြစဉ်
မိုးသဲထဲ တို့နှစ်ယောက်ဆုံလာ...
အလွမ်းရာဇဝင် မိုးကသိတယ်...
2•အလွမ်းဖြေစရာ
ရာသီအမှီတော့ လှမ်းလာမိုးနဲ့အတူ...
ရင်ထဲမှာအမြဲတမ်း မင်းကို
တမ်းတလို့ သတိရနေတာ
အလွမ်းရာသီ မိုးမျက်ရည်.....
1•ကြင်နာသူရယ်
ဇွန်ပန်းပွင့်ချိန် ပြန်ခဲ့ပါ့မယ်
ချစ်သူပြောတဲ့စကားသံ ပြန်ကြားယောင်နေ..
အနှစ်တစ်ရာပြောင်းစေ
ဝသန်မိုးတိုင်းစောင့်နေ...
2•အာကာတစ်ခွင်မှာ
တိမ်ရိပ်လှိုင်းတွေ ညိုမဲလို့မှောင်
မိုးရေထဲက ချစ်သူဘယ်ရောက်နေသလဲ..
မိုးစက်များပဲ ထာဝရတို့ရဲ့အဖော်...
1•ဆောင်းကိုမခင် နွေကိုတစ်သက်လုံး
မုန်းတတ်သွားခဲ့ပြီ..
ရင်ထဲမှာ မစဲသောမိုးတွေ
အမြဲတမ်းပဲ သွန်းဖြိုးရွာနေ..
အလွမ်းရာသီ ပျိုးတဲ့မိုးရယ်....
SOLO
2•အလွမ်းတွေကို သယ်ဆောင်လာတဲ့
မုတ်သုန်မိုးမင်းရယ်...
ဇွန်ပန်းတွေ ဖူးပွင့်ကြစဉ်
မိုးသဲထဲ တို့နှစ်ယောက်ဆုံလာ..
အလွမ်းရာဇဝင် မိုးကသိတယ်...
1•အလွမ်းဖြေစရာ
ရာသီအမှီတော့ လှမ်းလာ မိုးနဲ့အတူ...
ရင်ထဲမှာ အမြဲတမ်းမင်းကို
တမ်းတလို့ သတိရနေတာ..
အလွမ်းရာသီ မိုးမျက်ရည်...
2•ကြင်နာသူရယ်
ဇွန်ပန်းပွင့်ချိန် ပြန်ခဲ့ပါ့မယ်
ချစ်သူပြောတဲ့စကားသံ ပြန်ကြားယောင်နေ..
အနှစ်တစ်ရာပြောင်းစေ
ဝသန်မိုးတိုင်းစောင့်နေ...
1•အာကာတစ်ခွင်မှာ
တိမ်ရိပ်လှိုင်းတွေ ညိုမဲလို့မှောင်
မိုးရေထဲက ချစ်သူဘယ်ရောက်နေသလဲ..
မိုးစက်များပဲ ထာဝရတို့ရဲ့အဖော်...
2•ဆောင်းကိုမခင် နွေကိုတစ်သက်လုံး
မုန်းတတ်သွားခဲ့ပြီ...
ရင်ထဲမှာ မစဲသောမိုးတွေ
အမြဲတမ်းပဲ သွန်းဖြိုးရွာနေ...
အလွမ်းရာသီ ပျိုးတဲ့မိုးရေ.......
အားပေးမှုအားကျေးဇူးတင်ပါသည်