သီချင်း - ကျွန်မချစ်သူ
တေးဆို - ပိုပို
ရေ ရီ ရေးးး
မင်းပြုံးရင် တကယ်ကိုချောသည်
ပါးတဖက်မှာ ပါးချိုင့်လေးရှိသည်
နှလုံးသားကို နင်ဟာညှို ့ယူဖမ်းစားတော့
ငါမူးလို့မေ့သွားပေါ့
မင်းအကြောင်းတွေ ငါစုံစမ်းမည်
တွေ့သမျှလူတွေလိုက်မေးပြီ
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးရေ
ရုပ်ချောပြီးတော့ ခပ်တည်တည်ကြီးကွယ်
မင်းရဲ့ခြေလှမ်းတိုင်းမှာ ငါရှိတယ်
ငါ့ရဲ့အိပ်မက်ထဲကို နင်ဝင်ခဲ့ကွယ်
မနက်ခင်းတိုင်းမှာ
နင့်အသံလေးကြားချင်တာ
ဝိုဝူဝိုး စိတ်ကူးတို့နဲ့ငါရူးခဲ့
ဝိုဝူဝိုး ငါ့လက်ကလေးကိုကိုင်ထားကာ
ချစ်တယ်လို့ ပြောချိန်မှာ
အသက်ရှူတွေမှားကာ
ငါကျောက်ရုပ်ဖြစ်လို့သွား
ဝိုဝူးဝိုး မင်းရဲ့အပြုံးကချိုလွန်းတယ်
ဝိုဝူးဝိုး ရူးလောက်အောင်ပြုစားခဲ့
မေတ္တာတရားရှေ့ကိုထား
တစ်သက်စာအတွက်ငါ
ငါ့ကိုနင်လေရိုရိုသေသေ ချစ်ပါ အို အိုး
အို အို့ အိုး ဝို ဝူ ဝိုး အို အို့
အို အို့ အိုးးး ဝိုဝူးဝိုး အို အို့
မင်းအပြုံးမှာ ငါရင်မောသည်
မင်းရဲ့အမေဆီလာပြောမည်
တစ်သက်လုံးချစ်မယ်
သစ္စာတွေနဲ့အတည်
အမေ့ချွေးမက ချစ်စရာအလွန်တကယ်ကိုကောင်းသည်
ထမင်းချက် ဟင်းချက်
အရာအားလုံးကိုစာရင်းတွက်
စီးတဲ့ရေဆည်တဲ့ကသင်း
မိန်းမကောင်းတိုရဲ့အကျင့်နဲ့
အမေ့သားလေးအပေါ် ချစ်ပါမည်
အမေ့သားလေးစကားနားထောင်မည်
အီ အီ အီ
ဝိုဝူးဝိုး စိတ်ကူးတို့နဲ့ ငါရူးခဲ့
ဝိုဝူဝိုး ငါ့လက်ကလေးကိုကိုင်ထားကာ
Mချစ်တယ်လို့ပြောချိန်မှာ
အသက်ရူတွေမှားကာ ငါရူးလို့သွားမလား
ဝိုဝူဝိုး မင်းရဲ့အပြုံးကချိုလွန်းတယ်
ဝိုဝူဝိုး ရူးလောက်အောင်ပြုစားခဲ့
မေတ္တာတရားရှေ့ကိုထား တစ်သက်စာအတွက်ငါ
ငါ့ကိုနင်လေ ကြင်ကြင်နာနာချစ်ပါ
ဘုရားသွား ကျောင်းတက်အတူတူပဲ
အေးအတူပူအမျှ ချစ်ခဲ့မိတော့
အရာရာကိုနားလည်ပေးရမှာပေါ့
စိတ်ကူးတို့နဲ့ ငါရူးခဲ့
ငါ့လက်ကလေးကိုကိုင်ထားကာ ချစ်တယ်လို့ပြောချိန်မှာ
အသက်ရှူတွေမှားကာ
ငါကျောက်ရုပ်ဖြစ်လို့သွားး
ဝိုဝူးဝိုး မင်းရဲ့အပြုံးကချိုလွန်းတယ်
ဝိုဝူဝိုး ရူးလောက်အောင်ပြုစားခဲ့
မေတ္တာတရားရှေ့ကိုထား တစ်သက်စာအတွက်ငါ
ငါ့ကိုနင်လေ ရိုရိုသေသေချစ်ပါ အို့ အိုး
အို အို့ အိုး ဝို ဝူး ဝိုး အို အိုး
အို အို့ အိုးးး ဝိုဝူးဝိုး အိုအိုး
မင်းပြုံးရင် တကယ်ကိုချောသည်
ပါးတဖက်မှာပါးချိုင့်လေးရှိသည်
နှလုံးသားကို နင်ဟာညို့ယူဖမ်းစားတော့
ငါမူးလို့ မေ့သွားပေါ့
အို အို့ အိုးးး
အို အို အိုးး