menu-iconlogo
huatong
huatong
avatar

လူချွန် လူ​ကောင်း

ဖိုးသောကြာhuatong
🤝ⓝⓒⓐ6️⃣🤝NwayOoChan🤗🤗huatong
Letra
Gravações
လူချွန်လူကောင်း

တေးရေး မြို့မငြိမ်း

တေးဆို ? ဖိုးသောကြာ

?

ရှုမဆုံး... တော့သည်

စိမ်းးလဲ့လဲ့ နှစ်စဉ်

လယ်ကွင်းတွေက

တစ်မျှော် တစ်ခေါ် စိုပြေလွင်

ရိတ်သိမ်းချိန် ဆိုပြန်လျှင်

ဝင်းမှည့် ရွှေစင် အိလို့ပင်

စပါးအနှံတွေနဲ့

အသီးတွေ သန်မြန် အောင်မြင်

မနက်ခင်း စိတ်ရွှင်

လန်းကြစေ ဆွဲငင်

ဥသြသံတွဲ့

နာပျော်ဖွယ် ကြည်ကြည်လင်

လုပ်ငန်းကို ကိုယ်စီဝင်

စက်ရုံ ကြီးငယ် အရပ်ရပ်တွင်

ကြည်းရေ တစ်ခွင်က

အရောင်းဝယ် စုန်ဆန်သာ စည်ပင်

လူချွန် လူကောင်း များတို့

ပေါင်းစု အားတွင်

ကျွန်တော့် မိတ်ဆွေတွေကို

ကြည်ညိုစွာ မြင်..လိုက်ချင်

ဗမာ့ သားကောင်းများကို

အဆိုအတီး မှုနဲ့ပင်

ရိုသေခင်မင်

အားတက်

အလေးပြုလျှက်ပဲအစဉ်

? အတီးပိုဒ် ?

ရှုမဆုံး... ​တော့သည်

စိမ်းးလဲ့လဲ့ နှစ်စဉ်

လယ်ကွင်းတွေက

တစ်မျှော် တစ်ခေါ် စိုပြေလွင်

ရိတ်သိမ်းချိန် ဆိုပြန်လျှင်

ဝင်းမှည့် ရွှေစင် အိလို့ပင်

စပါးအနှံတွေနဲ့

အသီးတွေ သန်မြန် အောင်မြင်

မနက်ခင်း စိတ်ရွှင်

လန်းကြစေ ဆွဲငင်

ဥသြသံတွဲ့

နာပျော်ဖွယ် ကြည်ကြည်လင်

လုပ်ငန်းကို ကိုယ်စီဝင်

စက်ရုံ ကြီးငယ် အရပ်ရပ်တွင်

ကြည်းရေ တစ်ခွင်က

အရောင်းဝယ် စုန်ဆန်သာ စည်ပင်

လူချွန် လူကောင်း များတို့

ပေါင်းစု အားတွင်

ကျွန်တော်တို့ မိတ်ဆွေတွေကို

ကြည်ညိုစွာ မြင်..လိုက်ချင်

ဗမာ့ သားကောင်းများကို

အဆိုအတီး မှုနဲ့ပင်

ရိုသေ ခင်မင်

အားတက်

အလေးပြုလျက်ပဲ အစဉ်

ကစား..ခုန် စား

စွမ်းအား ဘက်တွင်

စံချိန် ရင်ဘောင်

တန်းလိုက် လျှင်ပင်

ခေတ်မီမီ ကမ္ဘာကြီး ကြည့်မြင်

သန်မြန် ယောင်္ကျား ဘသားလျှင်

လျှပ်..စစ်အား

အသုံးများတဲ့ အပြင်

တွင်တွင် ကျယ်ကျယ်

အထက်အောက် မြေတခွင်

သစ်ပင်တွေ မြေတွင်းဓါတ်တွေ

ဖော်ယူနိုင်စွမ်း တတ်ကျွမ်းကျင်

ကမ္ဘာမြေ ပထဝီဝင်

ကမ္ဘာ့သမိုင်း ရာဇဝင်

သုံးသပ် လေ့လာသင်

အကြံဥာဏ် ဝေဖန်

မျှော်လို့ မြင်

ငါတို့ ပြည်ထောင်စုတွင်

ကမ္ဘာ့ရေကြောင်း

သင်္ဘောမောင်းနှင်

မြေပြင် ရေပြင် နှံ့စပ်စုံလင်

တို့လူချွန် လူကောင်းအစုတွင်

ပါဝင်တစ်ယောက်ဆို တစ်အားပင်

....Uploder Nyein....

?အတီးပိုဒ် ?

ဆရာဝန် ပညာတွေ ကိုသင်..

ခေတ်ရောရှေးမီ သမားတော်များပင်

ပြည်သူထုကို ကိုယ်နဲ့ထပ်တူ

ချစ်ခင် ရင်ဝယ်

သား ညွှန်ကြား ညွှန်ကြား

သန်ထွား ကျန်းမာ

ကြံ့ခိုင် အားအင်

ကလေး လေးတွေ

ပညာ ရရှိဖို့တော့

အဖမိ ပုံသွင် အာစရိတွေပင်

ကလေး လေးတွေ

ပညာ ရရှိဖို့တော့

အဖမိ ပုံသွင် အာစရိတွေပင်

လူချွန်

လူကောင်း ​လေးတွေဖြစ်အောင်

မြေတောင် မြှောက်ကာ မြှင့်တင်

ကစား..ခုန် စား

စွမ်းအား ဘက်တွင်

စံချိန် ရင်ဘောင်

တန်းလိုက် လျှင်ပင်

ခေတ်မီမီ ကမ္ဘာကြီး ကြည့်မြင်

သန်မြန် ယောင်္ကျား ဘသားလျှင်

လျှပ်စစ် အား

အသုံးများတဲ့ အပြင်

တွင်တွင် ကျယ်ကျယ်

အထက်အောက် မြေတခွင်

သစ်ပင်တွေ မြေတွင်းဓါတ်တွေ

ဖော်ယူနိုင်စွမ်း တတ်ကျွမ်းကျင်

ကမ္ဘာမြေ ပထဝီဝင်

ကမ္ဘာ့သမိုင်း ရာဇဝင်

သုံးသပ် လေ့လာသင်

အကြံဥာဏ် ​ဝေဖန်

မျှော်လို့ မြင်

ငါတို့ ပြည်ထောင်စုတွင်

ကမ္ဘာ့ရေကြောင်း

သင်္ဘောမောင်းနှင်

မြေပြင် ရေပြင် နှံ့စပ်စုံလင်

တို့လူချွန် လူကောင်းအစုတွင်

ပါဝင်တစ်ယောက်ဆို

တစ်အားးး ပင်...

ကျေးဇူးတင်ပါသည် ငြိမ်း

Mais de ဖိုးသောကြာ

Ver todaslogo