menu-iconlogo
huatong
huatong
--cover-image

သိုးမည်းတွေအကြောင်း

ဗဒင်huatong
မိုးဦးhuatong
Letra
Gravações
တော်ကီပြစ်ချိန် :D

ဘုရားကျောင်းလည်း မင်းကမတတ်တာ

အတော်ကြာပြီ

အပေါင်းအသင်းများ

စုမိတဲ့အခါ ငယ်စဉ်ကအကြောင်းတွေကို

ပြန်ပြီးပြောဖြစ်တယ်ဆို

မင်းသတင်း မင်းနာမည်

မင်းအကြောင်းများရောက်လာရင်

ပြောရင်းစိတ်ထိခိုက်တယ်

မင်းကတော့ တို့နဲ့ပါမလာပဲ

အမှောင်ထဲမှာ

ဆက်လျှောက်နေဆဲ

Sunday School အခန်းထဲမှာ

ခင်လာသူ အခုထက်ထိ

မှတ်မိသေးတယ်

စာဆိုလည်းမင်းကတော်တယ်

ဆရာ၊ ဆရာမ ချစ်တဲ့သူရယ်

ကြီးပြင်းလို့တို့တွေအတူတူ

လောကရဲ့လမ်းတွေပေါ်

ဆိုးကြမိုက်ကြရင်းနဲ့

ရုန်းထွက်တော့မင်းက

ပါမလာပဲ

အမှောင်ထဲမှာ

ဆက်လျှောက်နေဆဲ

တို့ကတော့ တို့ကတော့

တို့ကတော့ ဘုရားကျောင်းထဲ

ပြန်ရောက်တဲ့အချိန်

မင်းကတော့ ဝေးဝေးနေနေဆဲ

တို့ကတော့ တို့ကတော့

တို့ကတော့ ဝေးဝေးကနေ

ဆုတောင်းပေးမယ်

ရုန်းထွက်လို့လွတ်မြောက်နိုင်ပါစေ

မင်းဆိုးလို့ဝရင် မင်းမိုက်လို့ဝရင်

ဘုရားကျောင်းထဲ မင်းလည်းလိုက်လာနော်

သိုးမည်းဟောင်းကြီးတွေ

ပြေးထွက်လာပြီး မင်းကိုကြိုနေမယ်

ဘုရားကျောင်းရှေ့လမ်းမကြီးပေါ်

ငါကိုယ်တိုင် မူးမူးနဲ့ဆေးလိပ်လေးဖွာ

အိမ်ပြန်မလို့ လမ်းလျှောက်လာစဉ်

ဒီကနေ့ပွဲတော်ဆိုတာ

ဘုရားကျောင်းကထွက်လာသူတွေ

တွေ့လိုက်မှ သိလာစဉ် အရမ်းပဲ

ဝမ်းနည်းသွားပြီ ရုန်းထွက်ဖို့ ဆုံးဖြတ်တာတွေလည်း

ငါမင်းကို ပြောပြချင်တယ်

တို့ကတော့ တို့ကတော့

တို့ကတော့ ဘုရားကျောင်းထဲ

ပြန်ရောက်တဲ့အချိန်

မင်းကတော့ ဝေးဝေးနေနေဆဲ

တို့ကတော့ တို့ကတော့

တို့ကတော့ ဝေးဝေးကနေ

ဆုတောင်းပေးမယ်

ရုန်းထွက်လို့လွတ်မြောက်နိုင်ပါစေ

မင်းဆိုးလို့ဝရင် မင်းမိုက်လို့ဝရင်

ဘုရားကျောင်းထဲ မင်းလည်းလိုက်လာနော်

သိုးမည်းဟောင်းကြီးတွေ

ပြေးထွက်လာပြီး မင်းကိုကြိုနေမယ်

............ ပြီးပါပြီ ...............

Mais de ဗဒင်

Ver todaslogo