တတိယအရွယ်ရဲ့ဒုတိယဝေဒနာ
တေးရေး-မောင်ကြေးမုံ
တေးဆို.မာမာအေး
ပညာရှာမှီးတဲ့ အရွယ်..က တဖြာ
ကြင်ယာတွေရှာနေကြတဲ့ 
ဒုတိယအရွယ်ကတဖြာ
သံသရာ
အရှုပ်ကိုကြောက်လို့
ခန္ဓာအပုပ်ကိုဖျောက်ဖို့ 
ဘာဝနာသီလမြဲ...
ကုသိုလ်ပွဲကို..နွှဲဖို့ခဲတဲ့
တတိယအရွယ်.ကတဖြာ
ဖြတ်သန်း ..လာရ
ကိုယ့်ဘ၀..ခုအခါ
ကိုယ့်ဘ၀ခုအခါမှာ.
အနုတစ်ရာ..အလှတစ်ရာ
ပွင့်လွှာတွေတဖွေးဖွေး.ကြွေ.လို့ 
ရိုးတံပြိုင်းပြိုင်း
ကိုင်းခြောက်အထီးကျန်ဇရာ
ဘ၀ကပေး.လာတဲ့
အတွေ့ အကြုံတွေ..
သြော်..ရင်မှာ ပိုက်ပါလို့ 
တစိုက်စိုက်စမ်းကာ လှမ်းလာ
လော..က ၀င်္ကပါ..ဇရာတောမှာ
အမောဖြေနေသော..ငါ..
ပညာရှာမှီးတဲ့ အရွယ်က တဖြာ
ကြင်ယာတွေရှာနေကြတဲ့ 
ဒုတိယအရွယ်..ကတဖြာ
သံသရာ..
အရှုပ်ကိုကြောက်လို့
ခန္ဓာအပုပ်ကိုဖျောက်ဖို့ 
ဘာဝနာသီလမြဲ...
ကုသိုလ်ပွဲကိုနွှဲဖို့ခဲတဲ့
တတိယအရွယ်.ကတဖြာ
ဖြတ်သန်း လာရ
ကိုယ့်ဘ၀..ခုအခါ
ကိုယ့်ဘ၀ခုအခါမှာ.
အနုတစ်ရာ..အလှတစ်ရာ
ပွင့်လွှာတွေတဖွေးဖွေး.ကြွေ.လို့ 
ရိုးတံပြိုင်းပြိုင်း
ကိုင်းခြောက်အထီးကျန်ဇရာ..
ဘ၀ကပေး.လာတဲ့
ဲ့အတွေ့ အကြုံတွေ..
သြော်..ရင်မှာ ပိုက်ပါလို့ 
တစိုက်စိုက်စမ်းကာ လှမ်းလာ
လော..က ၀င်္ကပါ..ဇရာတောမှာ
အမောဖြေနေသော..ငါ..
သက်တူရွယ်တူ
ကြည်ဖြူ ပြုံး..ကာ
ရယ်ကာမောကာ ကျီစယ်ကာနဲ့ 
နုနယ် လှပသော....
ချစ်စရာ့မောင်နှံနှစ်ဖြာ
ဦးခိုက်ရိုကျိုး.
ရှိခိုးကန်တော့လာကြ
ရက်မြတ်မင်္ဂလာလက်ထပ်စဉ်မှာ
ပီတိလှိုက်လှဲ...မျက်ရည် ၀ဲ..ကာ
အိုအောင်မင်.းအောင်
ပေါင်းကြစေသား..လို့ 
ခရားရေလွှတ်သလို
တတွတ်တွတ် မြည်ဆိုကာ
ဆုပေးရမြဲ ငါ့ရင်ထဲ..မှာ
ပီတိတဖြာဝေဒနာကတ၀က်ပါ..
သက်တူရွယ်တူ
ကြည်ဖြူ ပြုံး.....ကာ
ရယ်ကာမောကာ ကျီစယ်ကာနဲ့ 
နုနယ် လှပသော....
ချစ်စရာ့မောင်နှံနှစ်ဖြာ
ဦးခိုက်ရိုကျိုး.
ရှိခိုးကန်တော့လာကြ
ရက်မြတ်မင်္ဂလာ
လက်ထပ်စဉ်မှာ
ပီတိလှိုက်လှဲ....
မျက်ရည် ၀ဲ..ကာ
အိုအောင်မင်.းအောင်
ပေါင်းကြစေသား..လို့ 
ခရားရေလွှတ်သလို
တတွတ်တွတ် မြည်ဆိုကာ
ဆုပေးရမြဲ ငါ့ရင်ထဲ..မှာ
ပီတိတဖြာ ဝေဒနာကတ၀က်ပါ..
ဒီလိုဆုမျိုး ပေးနေကြမို
့ရိုးလှသော်လည်း
ဒီဆုထဲ..မှာမပါနိုင်တဲ့ငါ
ဒီဆုမျိုးကိုဒီဘဝ
မရနိုင်ပြီ ဝေး..ပေါ့
ဆုပေးရင်းကဘ၀င်ကြား.
ငလျင်များ လှုပ်သလိုနာ
အော်ဆယ်ကျော်သက်က
ငယ်ချစ်ဦး အညှာ
အတွေးထဲမှာ
ပြုံးပြုံးလေး ပေါ်လာ
သြော်.. အသစ် အသစ်
ဖြစ်ပြန် ပါပကော......
တတိယအရွယ်ရဲ့ 
ဒုတိယ ဝေ..ဒနာ..
ပြီးပါပြီ