ဒီနွေမလွန်ခင်
️မိုးသက်နိုင်
အခုတော့ဖြစ် တစ်နေရာဆီ
တစ်ကမ္ဘာခြားနေသလို
တက်ကုန်းမြို့နယ်ရယ်အပိုင်
ကျွန်တော်တို့မွေးဇာတိမြေ
လွမ်းတယ် လက်ပံရွာကလေးဆီ
ဝေးပြီ လက်ပံရွာကလေးရေ
တောင်ကတုံးဘုရားကြီးထံမှာ
ပြန်ဆုံနိုင်ဖို့ တိုနှစ်ယောက်ဆုပန်ခြွေ
သမောင်းတောင်ကြီးရယ်ဝေးခဲ့ရပါပြီ
မင်းရှိတဲ့အညာမြေကိုပြန်လာခဲ့ချင်ပြီ
ငယ်ဘဝအတိတ်ဆီမှန်းမျှော်
ဒီရင်ထဲလွမ်းနေဆဲပါ
မင်းကိုလွမ်းတယ် ဖြူလေးရယ်
လွမ်းတယ် လွမ်းတယ် အချစ်ဦးရယ်
တောင်တန်းများပေါ်မှာ
ငယ်စဉ်အခါက ကစားခဲ့ကြတာတွေ
တို့အတူ ရေငတ်ပန်းတွေ ခူးခဲ့ကြတာတွေ
အခုတော့တို့ ဝေးနေချိန်မှာ
အမြဲတမ်းသတိရပါ သတိရတိုင်းလွမ်းပါ
ဒီနွေမလွန်ခင် ပြန်လာခဲ့မယ်
တို့လက်ပံရွာကို
နှလုံးသားက သစ္စာကတိများ
အမြဲတမ်းသိမ်းထားမယ်
မင်းကိုလွမ်းသမျှရယ်
ဒီနွေမလွန်ခင် ပြန်ဆုံကြမယ်
တို့လက်ပံရွာမှာ
SOLO MUSIC
အခုတော့ဖြစ် တစ်နေရာဆီ
တစ်ကမ္ဘာခြားနေသလို
တက်ကုန်းမြို့နယ်ရယ်အပိုင်
ကျွန်တော်တို့မွေးဇာတိမြေ
လွမ်းတယ် လက်ပံရွာကလေးဆီ
ဝေးပြီ လက်ပံရွာကလေးရေ
တောင်ကတုံးဘုရားကြီးထံမှာ
ပြန်ဆုံနိုင်ဖို့
တိုနှစ်ယောက်ဆုပန်ခြွေ
သမောင်းတောင်ကြီးရယ် ဝေးခဲ့ရပါပြီ
မင်းရှိတဲ့အညာမြေကိုပြန်လာခဲ့ချင်ပြီ
ငယ်ဘဝအတိတ်ဆီမှန်းမျှော်
ဒီရင်ထဲလွမ်းနေဆဲပါ
မင်းကိုလွမ်းတယ် ဖြူလေးရယ်
လွမ်းတယ် လွမ်းတယ်အချစ်ဦးရယ်
တောင်တန်းများပေါ်မှာ
ငယ်စဉ်အခါက ကစားခဲ့ကြတာတွေ
တို့အတူ ရေငတ်ပန်းတွေ ခူးခဲ့ကြတာတွေ
အခုတော့တို့ ဝေးနေချိန်မှာ
အမြဲတမ်းသတိရပါ
သတိရတိုင်းလွမ်းပါ
ဒီနွေမလွန်ခင် ပြန်လာခဲ့မယ်
တို့လက်ပံရွာကို
နှလုံးသားက သစ္စာကတိများ
အမြဲတမ်းသိမ်းထားမယ်
မင်းကိုလွမ်းသမျှရယ်
ဒီနွေမလွန်ခင် ပြန်ဆုံကြမယ်
တို့လက်ပံရွာမှာ