ရည်းစားတွေထား ထားရမယ့်အရွယ်
မဟုတ်ဘူးတဲ့
နင် ကလေးလေး အရွယ်ငယ်ငယ်
မိဘမျက်စိအောက်က ငြိမ်ငြိမ်ကလေး နေ တဲ့
ပြောလို့မှမဆုံးသေး ပျိုက
ညိုမြလုပ်ခဲ့မိပြီ
ပျိုရည်းစားလေးတစ်ယောက်အတွက်ကြောင့်
မိဘသိကာသွားတော့ မခက်ဘူးလား
အိုမေမေ သမီးချစ်သူက
သမီးတို့ထက် ဂုဏ်ငယ်လွန်းတယ်
ကားလေးတစ်စီးတောင် သူမပိုင်
အပြောလေးကောင်းလို့ ချစ်တော့
လွန်တာပေါ့ မေမေရဲ့
ပျိုအသည်းမရှိတဲ့သဘောသူသိရင်
သူဝမ်းနည်းမှာပါ
အခုတော့ဖြင့် ကိုကိုရယ်
မေမေပြောတယ် မုန်း လိုက်တဲ့
သတိရနေသလား အသက်ရယ်
ကြင်နာသူရှာထားပါလား
တမ်းတနေသလား အချစ်ရယ်
ရင်မှာအပူ ဖယ်လိုက် ပါလားကွယ်
တစ်ယောက်ယောက်ကိုတော့ ချစ်ကွယ်
အကြင်နာနဲ့ ပြောလိုက်တယ်
ပျော်ပျော်သာနေပေါ့ အချစ်ရယ်
မကြာခင် ပျော်လို့ သွားလိမ့်မယ်
အိုမေမေ သမီးချစ်သူက
သမီးတို့ထက် ဂုဏ်ငယ်လွန်းတယ်
ကားလေးတစ်စီးတောင် သူမပိုင်
အပြောလေးကောင်းလို့ ချစ်တော့
လွန်တာပေါ့ မေမေရဲ့
ပျိုအသည်းမရှိတဲ့သဘော သူသိရင်
သူဝမ်းနည်းမှာပါ
အခုတော့ဖြင့် ကိုကိုရယ်
မေမေပြောတယ် မုန်းလိုက်တဲ့
သတိရနေသလား အသက်ရယ်
ကြင်နာသူရှာထားပါလား
တမ်းတနေသလား အချစ်ရယ်
ရင်မှာအပူ ဖယ်လိုက် ပါလားကွယ်
တစ်ယောက်ယောက်ကိုတော့ ချစ်ကွယ်
အကြင်နာနဲ့ ပြောလိုက်တယ်
ပျော်ပျော်သာနေပေါ့ အချစ်ရယ်
မကြာခင် ပျော်လို့ သွားလိမ့်မယ်
အိုမေမေ သမီးချစ်သူက
သမီးတို့ထက် ဂုဏ်ငယ်လွန်းတယ်
ကားလေးတစ်စီးတောင် သူမပိုင်
အပြောလေးကောင်းလို့ ချစ်တော့
လွန်တာပေါ့ မေမေရဲ့
ပျိုအသည်းမရှိတဲ့သဘော သူသိရင်
သူဝမ်းနည်းမှာပါ
အခုတော့ဖြင့် ကိုကိုရယ်
မေမေပြောတယ် မုန်းလိုက်တဲ့
အိုမေမေ သမီးချစ်သူက
သမီးတို့ထက် ဂုဏ်ငယ်လွန်းတယ်
ကားလေးတစ်စီးတောင် သူမပိုင်
အပြောလေးကောင်းလို့ ချစ်တော့
လွန်တာပေါ့ မေမေရဲ့
ပျိုအသည်းမရှိတဲ့သဘော သူသိရင်
သူဝမ်းနည်းမှာပါ
အခုတော့ဖြင့် ကိုကိုရယ်
မေမေပြောတယ် မုန်းလိုက်တဲ့