menu-iconlogo
huatong
huatong
avatar

တစ်မိနစ်ထက်နောက်ကျ

မျိုးကျော့မြိုင်huatong
mlee40409huatong
Letra
Gravações
သီချင်း- တစ်မိနစ်ထက်နောက်ကျ

တေးဆို- မျိုးကျော့မြိုင်

အိပ်ရာထလည်းနောက်ကျ

တစ်မိနစ်နောက်ကျသွားပြီ

ကားကြီးထွက်လို့သွားပြီ

လက်ကလေးပြလို့ နှုတ်ဆက်

အနမ်းများ လေထဲ လွင့်လို့ထားခဲ့

မင်းလေးမရှိတဲ့ လမ်းဆီ

လျှောက်လို့မတတ်တဲ့ ခြေထောက်တွေ

တကယ် အသုံးမကျတဲ့ ကိုယ်လေ

ဘယ်နား ရောက်ရောက် လွှဲနေတယ်

အချစ်လာပြီး တည့်လှည့်ပါ ကိုယ့်ကို

ဆယ်မိနစ် မြန်ထားတဲ့ ကိုယ့်နာရီလည်း

တကယ်တမ်းသုံးလို့ မရဘူးကွယ်

နောက်ကျတတ်တဲ့ အကြောင်းကို

အို သီချင်းတစ်ပုဒ် လုပ်ဆိုဖူးတာ

နိမိတ်ပဲလားတော့ မသိတယ်

ပိုပြီး နောက်ကျလို့ရယ် ချစ်ခဲ့ကြတဲ့ နှစ်တွေ

မင်းစိတ်ဆိုးတာ များနေ

ဒီတစ်ခေါက် အဝေးကြီးသွားမှာ

ကြိုသိလို့ ဂရုစိုက်မိကာမှပဲ

ပိုနောက်ကျသွားတယ် အချစ်ကလေး

တစ်မိနစ် တစ်မိနစ်ဆိုရုံလေး

တကယ်အချစ် လာပြီးတည့်လှည့်ပါ ကိုယ့်ကို

ဆယ်မိနစ် မြန်ထားတဲ့ ကိုယ့်နာရီလည်း

တကယ်တမ်း သုံးလို့မရဘူးကွယ်

သိပ်ချစ်တတ်တာ အဟုတ်ပါ

အို မင်းချိန်းတဲ့အချိန် နောက်ကျလို့

သူများ ဦးသွားလိမ့်မယ် ဆိုပြီး မစနဲ့အချစ်ရယ်

ခဏနလောက် စောင့်နေကြည့်ပါ

ဒါနောက်ဆုံး တောင်းပန်ခြင်းပါ

အခုကတည်းက စောင့်မယ်

အပြန်ခရီး ရောက်တဲ့ အထိတိုင်

အရင်ဆုံး ကိုယ်ရောက်နှင့်ဖို့ကွယ်

အချစ်ကလေးရေ ဒီလမ်းမကြီးရဲ့ဘေးမှာ

စောင့်နေ ဘယ်တော့ မင်းပြန်လာမလဲလေ

ဘယ်တော့ မင်းပြန်လာမလဲလေ

ရေး... ရေး... ရေ...

Mais de မျိုးကျော့မြိုင်

Ver todaslogo