ဒီသူငယ်မအလှဆုံး
Uploaded by
👉🎩ÕoÕo~Ýîțț~Ĥțõãđ🎩👈
ဟောဒီရွာ တစ်ရွာလုံး
ဒီသူငယ်မ အလှဆုံးဖြစ်ပေမယ်
ကျေးတောရွာ တစ်ရွာလုံး
ဒီသူငယ်မပင်
အလှဆုံးဖြစ်ပေမယ်
လှပါတယ်ဆိုနေမှ
ရှက်ပြုံးလေးနဲ့ ကြည့်လို့နေပြန်တယ်
ယုံပါကွယ် မြှောက်ကာပင့်ကာ
ကိုယ်မပြောတက်တယ်
လျှိုမြောင်စိမ့်စမ်းနဲ့
အေးချမ်းတဲ့ ဟောဒီရွာမှာကွယ်
ရေမြေလိုက်ကာ လှနေသလား
ရေမြေလိုက်ကာ ချောနေတာလား ကွယ်
ဟောဒီရွာ တစ်ရွာလုံး
ဒီသူငယ်မ အလှဆုံးဖြစ်ပေမယ်
ကျေးတောရွာ တစ်ရွာလုံး
ဒီသူငယ်မပင်
အလှဆုံးဖြစ်ပေမယ်
လှပါတယ်ဆိုနေမှ
ရှက်ပြုံးလေးနဲ့ ကြည့်လို့နေပြန်တယ်
ယုံပါကွယ် မြှောက်ကာပင့်ကာ
ကိုယ်မပြောတက်တယ်
လျှိုမြောင်စိမ့်စမ်းနဲ့
အေးချမ်းတဲ့ ဟောဒီရွာမှာကွယ်
ရေမြေလိုက်ကာ လှနေသလား
ရေမြေလိုက်ကာ ချောနေတာလား ကွယ်
ပန်းတလေ့ နန်းတလေ့ အဆင်မှာမရိုး
ကျိုးချိတ်ထမီနဲ့ကွယ်
ပင်နီ ပင်နီ ယောရယ်နဲ့
တမျိုးပဲ ယဉ်လှတယ်
ပန်းတလေ့ နန်းတလေ့ အဆင်မှာမရိုး
ကျိုးချိတ်ထမီနဲ့ကွယ်
ပင်နီ ပင်နီ ယောရယ်နဲ့
တမျိုးပဲ ယဉ်လှတယ်
သဘောထားလဲ ကောင်းရှာသူလေးရယ်
ဟောဒီရွာမှာ
ဒီသူငယ်မ အလှဆုံးဖြစ်ပေမယ်
♫ ♫ ♫ ♫ ♫ ♫ ♫
ရွာမှာ ရှင်လောင်းလှည့်တော့
ကွမ်းတောင်ပန်းတောင် ကိုင်ကာရယ်
အလှူတွေ ဆိုပြန်တော့
ဧည့်ခံရာလဲ သူအမြဲပါတယ်
ရွာမှာ ရှင်လောင်းလှည့်တော့
ကွမ်းတောင်ပန်းတောင် ကိုင်ကာရယ်
အလှူတွေ ဆိုပြန်တော့
ဧည့်ခံရာလဲ သူအမြဲပါတယ်
လက်ထပ်တဲ့ မင်္ဂလာအခါများမယ်
သတို့သမီး အပျိုဖော် အဖြစ်နဲ့
တွေ့ရပေအုံးမယ်
ဒီမှာ သူငယ်မရဲ့
မင်းကို တိုးတိုးမေးမယ်
အဖေ့ကို တူလို့ လှနေတာ လား
အော် အမေ့ကို တူလို့ လှနေတာ လား
ဘယ်သူနဲ့တူလို့ လှတာ ဖြစ်ပစေကွယ်
ကျေးတောက မြန်မာမလေးရယ်
မြန်မာလိုလှတာ ဂုဏ်ယူစရာကောင်းတယ်
♫ ♫ ♫ ♫ ♫ ♫ ♫ ♫
ရွာမှာ ရှင်လောင်းလှည့်တော့
ကွမ်းတောင်ပန်းတောင် ကိုင်ကာရယ်
အလှူတွေ ဆိုပြန်တော့
ဧည့်ခံရာလဲ သူအမြဲပါတယ်
ရွာမှာ ရှင်လောင်းလှည့်တော့
ကွမ်းတောင်ပန်းတောင် ကိုင်ကာရယ်
အလှူတွေ ဆိုပြန်တော့
ဧည့်ခံရာလဲ သူအမြဲပါတယ်
လက်ထပ်တဲ့ မင်္ဂလာအခါများမယ်
သတို့သမီး အပျိုဖော် အဖြစ်နဲ့
တွေ့ရပေအုံးမယ်
ဒီမှာ သူငယ်မရဲ့
မင်းကို တိုးတိုးမေးမယ်
အဖေ့ကို တူလို့ လှနေတာ လား
အော် အမေ့ကို တူလို့ လှနေတာ လား
ဘယ်သူနဲ့တူလို့ လှတာ ဖြစ်ပစေကွယ်
ကျေးတောက မြန်မာမလေးရယ်
မြန်မာလိုလှတာ ဂုဏ်ယူစရာကောင်းတယ်
ပန်းတလေ့ နန်းတလေ့ အဆင်မှာမရိုး
ကျိုးချိတ်ထမီနဲ့ကွယ်
ပင်နီ ပင်နီ ယောရယ်နဲ့
တမျိုးပဲ ယဉ်လှတယ်
ပန်းတလေ့ နန်းတလေ့ အဆင်မှာမရိုး
ကျိုးချိတ်ထမီနဲ့ကွယ်
ပင်နီ ပင်နီ ယောရယ်နဲ့
တမျိုးပဲ ယဉ်လှတယ်
သဘောထားလဲ ကောင်းရှာသူလေးရယ်
ဟောဒီရွာမှာ
ဒီသူငယ်မ အလှဆုံးဖြစ်ပေမယ်…