menu-iconlogo
huatong
huatong
avatar

အရင်လိုပဲ အရင်အတိုင်းပဲ

ရေဗက္ကာဝင်းhuatong
szanisz1huatong
Letra
Gravações
သီချင်း - အရင်လိုပဲ အရင်အတိုင်းပဲ

တေးဆို - Rebecca Win

အလင်းရောင်လေးတွေ

မင်းမြင်နိုင်ချိန်မှာ

မီးစာလေးလို

ကျွမ်းလောင်နေတာငါ

လှေကားလေးလို

ရင်ကိုနင်းတက်သွားလည်း

ကြည်ဖြူစွာ

ငါက အဖြည့်ခံ

ငါ့ရဲ့အသည်းကို

သုံးဆောင် ချိုမြိန်စွာ

ငါ့အချစ်များ လိုအပ်သလို

လာယူပါ...

ဒီပေးဆပ်မှု ထာဝရ

ငါက မင်းအတွက်

မွေးလာသလား

အနီးဆုံးရှိမယ်

ဝေးလည်း မမေ့နိုင်ပါ....

အချစ်ကြီးသူက ရှုံးတာပဲ

ရှေးလူတွေ ဆုံးမကြတယ်

ဘယ်တတ်နိုင်မလဲ

မင်းကိုပဲ

ငါ့ရင်မှာ အကြီးကြီးချစ်နေတယ်

အရင်လိုပဲ ငါ

အရင်တိုင်းပဲ ...

ဘယ်ရောက်နေလဲ မသိတောင်မှ

ငါ့ရင်မှာ မင်းကရှိတယ်

အခါအခွင့်ကြုံရင်

မင်းပြန်လာ

အချစ်တွေက

အေးခဲ မသွားနိုင်ပါ

အရင်လိုပဲ ငါ ရှိမှာပါ...

ငါ့ရဲ့ပါးပြင်လေးကို ငါပြန်စမ်း

စွတ်စိုပြီး ပူနွေးနေ ဒါဟာအလွမ်း

ကြားခွင့်ရနိုင်မလား

မုသားဖြစ်ဖြစ် နှစ်သိမ့်စကား

အချစ်တစ်ခုနဲ့အကုန်

လဲခဲ့ရသူပါ..

အချစ်ကြီးသူက ရှုံးတာပဲ

ရှေးလူတွေ ဆုံးမကြတယ်

ဘယ်တတ်နိုင်မလဲ

မင်းကိုပဲ

ငါ့ရင်မှာ အကြီးကြီးချစ်နေတယ်

အရင်လိုပဲ ငါ

အရင်တိုင်းပဲ ...

ဘယ်ရောက်နေလဲ မသိတောင်မှ

ငါ့ရင်မှာ မင်းကရှိတယ်

အခါအခွင့်ကြုံရင်

မင်းပြန်လာ

အချစ်တွေက

အေးခဲ မသွားနိုင်ပါ

အရင်လိုပဲ ငါ ရှိမှာပါ...

ချစ်မိတော့ အပျော်တွေ အငိုတွေ

မငြင်းဆန်နိုင်ပြီ

တွေ့ရမယ့် အချိန်အခါ

အခြေအနေ

ငါ့ရဲ့ မျော်လင့်ချက်

မြက်ပင်လေး

လွှတ်မချနိုင်သေး

တွယ်တာခြင်း ခိုင်မာစွာ

ဟိုအရင်လို မင်းကို

ချစ်လျှက်သာ..

ဟိုး..ရေး...

အချစ်ကြီးသူက ရှုံးတာပဲ

ရှေးလူတွေ ဆုံးမကြတယ်

ဘယ်တတ်နိုင်မလဲ

မင်းကိုပဲ

ငါ့ရင်မှာ အကြီးကြီးချစ်နေတယ်

အရင်လိုပဲ ငါ

အရင်တိုင်းပဲ ......,,

ဘယ်ရောက်နေလဲ မသိတောင်မှ

ငါ့ရင်မှာ မင်းကရှိတယ်

အခါအခွင့်ကြုံရင်

မင်းပြန်လာ

အချစ်တွေက

အေးခဲ မသွားနိုင်ပါ

အရင်လိုပဲ ငါ ရှိမှာပါ...

နှလုံးသား.......

အရင်အတိုင်းပဲ ကွာ.....

Mais de ရေဗက္ကာဝင်း

Ver todaslogo