menu-iconlogo
huatong
huatong
avatar

နို့ဘီလူး

ရဲထိုက်huatong
🤝ⓝⓒⓐ6️⃣🤝NwayOoChan🤗🤗huatong
Letra
Gravações
နို့ဘီလူး

တေးဆို ရဲထိုက်

Into 0:10

အမိုက်စခန်းမှာ..

အမှောင်လမ်းတွေမှာ..

လျှောက်လှမ်းကာ..

ရိုင်းစိုင်း ကြမ်းတမ်းစွာ....

အမှားကို အမှန်ထင်ကာ..

ဆိုး ခဲ့လေတာ...

မိုက်ခဲ့လေတာ...

ဒီအမိုက်နွံ့ တွင်းက

ရုန်းထွက်လို့သာ

အမေ့သားမိုက်

အမေ့ဆီပြန်လာ...

...Music...

ဆိုးတဲ့ သားကြီးကို

မိုက်တဲ့ သားကြီးကို

အမေ မှတ်မိနိုင်ရဲ့လား..

အမေ့ရင်ခွင်ဆီ

ပြေးလို့ခိုမည်...

အချိန်များရယ် မှီပါအုံးတော့မလား...

ရင်မှာတွေး..လို့ပူ

အို..အမေ..

သားမိုက် တစ်ယောက်

ပြန်လာပြီ...

...Music...

အမေ့အနား က

ဘယ်အခါ တကယ်မခွာ

ဝဋ်ကြီး ဝဋ်ငယ်

ကိစ္စ အသွယ်သွယ်

အမေ့သား ကရယ်

ပြုစုလို့သာ ​ပေးပါ့မယ်...

မိုက်ခဲ့သမျှ ဝဋ်ကြွေးတွေ

ပြေပါစေကြောင်း..

ဆုလဲမတောင်းဝံ့ ပါပြီ အမေ..

သံသရာ.. ဒီဝဋ်ကြွေး

မကျေပါရင်လဲ

ရှိပါစေတော့အမေ..

သားလိုလူ အတွက်တော့

ဆိုးခဲ့သမျှ အပြစ်ဒဏ်..

အမိုက်ဒဏ်ရာ

ထိုက်တန်စွာ ခံရတယ်ပဲ

မှတ်ထင်ပါတယ် အမေ

...Music...

ရှု့လှည့်ပါ အမေ..

ကြည့်လှည့်ပါ အမေ..

အမိုက်ဇာတ် ​တွေသိမ်း

တရားဓမ္မနဲ့ထိန်း

ကောင်းသော လမ်းကိုလှမ်း

မြတ်သော လမ်းကိုမှန်း.

အလင်း ရောင်လေး

ငြိမ်းချမ်းတဲ့ အလင်းရောင်လေး...

မြင်ရတွေ့ရပါပြီ

မြင်ရတွေ့ရပါပြီ အမေ..

...Music...

အေးငြိမ်းချင်းကို

တွေ့ရပြီ အမေ..

အဆိုးအကောင်း

အမှန် အမှား

အထင်ရှားသိခဲ့ပါပြီ အမေ

အမေ့ ​ကျေးဇူးတွေကို

ဘုရားအမှူးထား.. လို့

ဆပ်ပါရစေ အမေ..

ဆပ်ပါရစေ..

ဘုရားဂုဏ်တော်

တရားဂုဏ်တော်

သံဃာ ဂုဏ်တော်

တန်ခိုးတော် အ​ပေါင်း..

တရား အမှန်ညွှန်ပြ

အမှန် အလင်းကိုမြင်..

အမိုက် ဇာတ်တွေသိမ်း

ငြိမ်းအေးပါပြီ အမေ.....

စာသားပေးပို့သူ A Mon

ကိုလည်း ကျေးဇူးတင်ပါတယ်

ကျေးဇူးတင်ပါတယ် ငြိမ်း

Mais de ရဲထိုက်

Ver todaslogo