ဟူး ရေး
ကိုယ်ရဲ့အနားမှာ မင်းရှိပေးတာ
နောက်ထပ် ဘာမှလည်းမလိုဘူး
မျက်စိရှေ့မှာပြန်မြင်ခဲ့ရတဲ့ ကျွန်တော့်ချစ်သူ
အရင်ကလိုတော့စကားတွေ ဖော်ရွေစွာမပြောဖြစ်ဘူး
အချိန်တွေနှောင်းခဲ့တာ အသစ်တဖန်အခုပြောင်းလဲသွား
မင်းကိုမေးချင်တာ နေရောကောင်းရဲ့လား
ဖုန်းနံပါတ်၊ facebook ဖြစ်နိုင်ရင်ပေးခဲ့ပါ
ဒါ ငါ့ရဲ့လိပ်စာကဒ် ကြိုက်တဲ့အချိန် ဖုန်းဆက်ပါ
အသည်းကိုခွဲခဲ့လို့လည်း ငါ့ဘက်ကမမုန်း
အားလုံးထားခဲ့လိုက်တော့ ခံရခက်တဲ့အရှုံး
မင်းရဲ့ဘက်မှာ အမြဲတမ်းရှိနေပေးမယ့် ရှေ့နေလို
သူငယ်ချင်းလိုစောင့်ရှောက်ပေးတော့မယ့် အတွေးတွေမို့
မင်းအကြောင်းတွေကိုလည်း ငါ့ဆီလာပြီးဆေးတွေထိုး
သံယောဇဉ်တွေရှိသေးရဲ့လား ငါမေးမလို့
ရင်ဘတ်ထဲကလက်ခံတော့ ဦးနှောက်ကတားဆီး
အဖြစ်တွေကဆိုး မင်းရဲ့စိတ်နဲ့ဖျားပြီ
မိုးတွေကသည်း ဒီမှာထာဝရအမြဲ
နင်ဘယ်လိုကြားနိုင်မှာလဲ
ငါခေါ်နေတာလည်း
ကိုယ်ရဲ့အနားမှာ မင်းရှိပေးတာ
နောက်ထပ် ဘာမှလည်းမလိုဘူးကွာ
ကိုယ်ရဲ့အနားမှာ နင်မရှိတဲ့နောက်
ကန္တာရတခုလို ခြောက်သွေ့နေ
Single လို့ နင်ရေးထားရင် ငါအမြဲတမ်းပျော်တယ်
နင့်ကိုငါ သတိရရင် ဖုန်းတွေလည်း ခေါ်မယ်
ဘယ်ဆိုင်မှာ Night out လုပ်မှာလဲ
နင်ပိုသိ ပိုတော်တယ်
မူးလာပြီဆို မိုက်ကိုခဲ
အသံကုန်ဟစ်တဲ့ အဆိုတော်ပဲ
ငါမေးပါမယ်
နင်ဒုက္ခရောက်ရင် ဘယ်သူရှိမှာလဲ
ငါတွေးပါတယ်
နင်ခံစားရတာ ဘယ်သူသိမှာလဲ
အားလုံးလည်း အဝေးထွက်ပြေး
တယောက်မှမရှိလည်း ပြီးတာပဲ
တနေ့နေ့တော့
ငါတို့နှစ်ယောက် ပြန်လည်နီးမှာပဲ
အထီးကျန်ခြင်းတွေ ဝန်းရံနေဆဲ
အသက်မဲ့သွားတာ ဝေးပြီးနောက်
တိုက်ဆိုင်မှုတွေ နေ့စဉ်ကြုံခဲ့
ရင်ထဲမှာလည်း မင်းပဲရှိတာပါ
ကိုယ်ရဲ့အနားမှာ မင်းရှိပေးတာ
နောက်ထပ် ဘာမှလည်းမလိုဘူးကွာ
ကိုယ်ရဲ့အနားမှာ နင်မရှိတဲ့နောက်
ကန္တာရတခုလို ခြောက်သွေ့နေ
(နင်ဘယ်လိုတွေးလည်းတော့ ငါမသိဘူး
ငါကတော့ နင့်ကိုချစ်တယ်
နောက်လည်း အမြဲတမ်းချစ်နေမယ်)
ငါရဲ့အမှားတွေရှိခဲ့တာ တောင်းပန်တယ်
နောက်ထပ် မင်းမငိုနဲ့တော့
အိပ်မက်တခုကို ရွေးချယ်
မင်းနဲ့ ဟိုကိုသွားလိုက် ဒီကိုသွားလိုက်
ပျော်စရာလွတ်လပ်မှုတွေနဲ့
မင်းရဲ့အပြုံးတွေ မင်းမျက်ဝန်းလေး
တခါပြန်ပြီးတော့ရချင်တယ်
လူတယောက်ကို အိပ်မက် ခဏခဏမက်ရင်
အဲ့ဒီလူက နင့်ကိုသတိရနေလို့တဲ့
အိမ်မက်ထဲကလူက တခြားလူမဟုတ်ခဲ့
နင်ပြောခဲ့တဲ့အတိုင်း အဲ့တာနင်ကိုယ်တိုင်ပဲ
အားလုံးအမြင်မှာ ငါလေ လူလိမ်လူညာကြီးပါ
ဘာတွေဖြစ်လာမှာလဲ ငါကိုယ်တိုင်မသိတာ
အဖြစ်တွေသည်းကာရယ် ချစ်နေခဲ့တာပဲ
(မင်းမရှိတဲ့နောက်မှာ)
အပြစ်တွေနဲ့ကာရယ် ချစ်နေဆဲပါကွယ်
ကိုယ်ရဲ့အနားမှာ မင်းရှိပေးတာ
နောက်ထပ် ဘာမှလည်းမလိုဘူးကွာ
ကိုယ်ရဲ့အနားမှာ နင်မရှိတဲ့နောက်
ကန္တာရတခုလို ခြောက်သွေ့နေ
(ခြောက်သွေ့နေ)
ကိုယ်ရဲ့အနားမှာ မင်းရှိပေးတာ
နောက်ထပ် ဘာမှလည်းမလိုဘူးကွာ
ကိုယ်ရဲ့အနားမှာ နင်မရှိတဲ့နောက်
ကန္တာရတခုလို ခြောက်သွေ့နေ
(အားလုံးမေးတိုင်း ငါအခုချိန်ထိညာခဲ့တယ်
ဒါပေမဲ့ငါ့ရင်ထဲမှာ ညာလို့မရဘူး
နင့်ကိုငါအခုချိန်ထိ ချစ်နေတုန်းပဲ
I love you)