menu-iconlogo
huatong
huatong
avatar

ရင်ခုန်မိသူ

ရှင်ဖုန်းhuatong
smith_emesonshuatong
Letra
Gravações
ချိုသာစွာပြောတဲ့ မင်းရဲ့စကား

တို့အတွက် အနာဂတ်များ ဖြစ်မလား

ကိုယ်မျော်လင့်မိခဲ့လည်း ဒါတွေဟာ

အိပ်မက်တွေပဲလား

ဒီလိုဆိုအချစ်ကို မသိတော့ဘူး

မင်းနဲ့ရင်ခုန်ခြင်းတွေအတွက်

ကိုယ်မိုက်မဲမိတယ်ဆို

တကယ်ကို ရင်မှာကျေနပ်တယ်

မာယာမဲ့သောအချစ်တွေရယ်

ရှင်သန်နေဆဲ နှလုံးသားလေးနဲ့

နင်မချစ်လည်း ပြုံးနေမယ်

ကိုယ်ဟန်မဆောင်နိုင် မျက်ဝန်းထဲ

မြင်နိုင်ရဲလား ချစ်သူရယ်

အနီးဆုံးအနားမှာ ထာဝရအမြဲပဲ

တစ်သက်လုံးရှိချင်တယ်

နေမယ် မင်းလေးအနားအချိန်တိုင်း

ကိုယ်အကြိမ်ကြိမ် မင်းနဲ့တွေ့ချင်ခဲ့

ချစ်မိနေတာ အပြစ်ရှိလား

တိတ်တခိုးအချစ်တွေရယ်

ရင်မှာလျို့ဝှက်ဒီအချစ်များ

ကြင်နာသူမင်းက ရှောင်ပုန်းပြီး

ပျောက်လို့နေမှာ ကြောက်နေမိ

သူသာခွင့်လွတ်မယ်ဆို ဝန်ခံချင်ပါတယ်

အချစ်များအတွက်

မာယာမဲ့သောအချစ်တွေရယ်

ရှင်သန်နေဆဲ နှလုံးသားလေးနဲ့

နင်မချစ်လည်း ပြုံးနေမယ်

ကိုယ်ဟန်မဆောင်နိုင် မျက်ဝန်းထဲ

မြင်နိုင်ရဲလား ချစ်သူရယ်

အနီးဆုံးအနားမှာ ထာဝရအမြဲပဲ

တစ်သက်လုံရှိချင်တယ်

နေမယ် မင်းလေးအနားအချိန်တိုင်း

( for these part both of you

can speak or you can do solo )

ဟေ့ မျှော်လင့်ချက်လေးတစ်ခုအတွက်နဲ့

ငါ အသက်ရှင်နေမိတယ်

မင်းပေးတဲ့အိမ်မက်တွေထဲမှာ

ငါနှစ်မျောနေမိတာပါ ဒါပေမယ့်

အခုတော့ သိလိုက်ရပါပြီ

အရူးတစ်ယောက်လိုပဲ မဖြစ်နိုင်မှန်းသိတဲ့

အရာတခုကို မျှော်လင့်နေမိတယ်

မင်းငါ့ကိုမချစ်နိုင်ပေမယ့်

ငါမင်းကိုချစ်နေဆဲပါ

ငါမင်းကို ချစ်နေဆဲပါ

အစားထိုးမရတဲ့ အချစ်တခုအတွက်

ဝေဒနာတွေကို ဖန်ဆင်းမိ

ကိုယ်ယူလာမိတဲ့ ဒီအချစ်မီး

သူလေနာကျင်ခံစားမှာစိုး

မာယာမဲ့သောအချစ်တွေရယ်

ရှင်သန်နေဆဲ နှလုံးသားလေးနဲ့

နင်မချစ်လည်း ပြုံးနေမယ်

ကိုယ်ဟန်မဆောင်နိုင် မျက်ဝန်းထဲ

မြင်နိုင်ရဲလား ချစ်သူရယ်

မင်းလေးအနားမှာ ထာဝရအမြဲပဲ

တစ်သက်လုံးရှိချင်တယ်

နေမယ် မင်းလေးအနားအချိန်တိုင်း

မြင်နိုင်ရဲလား ချစ်သူရယ်

မင်းလေးအနားမှာ ထာဝရအမြဲပဲ

တစ်သက်လုံးရှိချင်တယ်

နေမယ် မင်းလေးအနားအချိန်တိုင်း

Thank you

By

Jasmine Nge

Mais de ရှင်ဖုန်း

Ver todaslogo

Você Pode Gostar

ရင်ခုန်မိသူ de ရှင်ဖုန်း – Letras & Covers