မင်းကတော့ဘယ်မှာ
UPLOAD/JOKER
____Jo Jo____
Ready
Go...
ဒီညလေး တိတ်ဆိတ်လွန်းချိန်
ငါကလည်း မင်းကိုလွမ်းနေ
ရင်ခွင်မှာ လွတ်ဟာနေဆဲ မင်းကတော့ဘယ်မှာ
နေရာဟောင်း လမ်းအိုလေးမှာ
နာကျင်ရင်းနှောက်ပြန်လှည့်ကာ
ရှင်သန်စိတ် ညိုးနွမ်းသွားပြီ
မင်းကတော့ ဘယ်မှာ
မင်းကတော့ ဘယ်မှာ ငါလိုက်ရှာလည်း မတွေ့ပါ
ဘယ်လောက်ထိအောင် ပုန်းနိုင်မှာလည်းအချစ်
အို.. မင်းကတော့ ဘယ်မှာ
ငါ လိုက်ရှာလည်း မထူးပါ
ဘယ်လောက်ကြာကြာ
ရှောင်နိုင်မှာလည်း အချစ်ဆုံးရာ
မင်းငါ့ကို ရက်စက်လို့
အဝေးဆုံးကို ထွက်ခွာခဲ့
နှိပ်စက်တာ မခံနိုင်ဘူး
ကြာတော့လည်း ဖြတ်မှာပဲ
သဝန်တိုတာ လွန်လွန်းတယ်
ဘယ်သူနဲ့မှ စိတ်မချ
မင်းချစ်တဲ့ပုံစံက ငါ့သိက္ခာကို လာစော်ကား
ဒီလိုနေ့တွေတိုင်း ငါနေရတာ ကျဥ်းကြပ်
ငါ့စိတ်ထဲမှာ မင်းငါ့ကို
စာရင်းဖြတ်သွားမှာကို လိုလားတယ်
မင်းနဲ့ငါနှစ်ယောက်ကြားမှာ
ယုံကြည်မှုတွေ လျော့ပါးခဲ့
အဲဒါကြောင့်ပဲ မင်းရဲ့အနားကထွက်ခွာခဲ့
ရင်ခုန်တဲ့ ညနေခင်းမှာ
လေပြည်ညင်း တိုက်ခတ်သွားစဥ်
အကြင်နာလည်း လွင့်ပျောက်ရပြီ
မင်းကတော့ ဘယ်မှာ
အကာကွယ်မဲ့ ကွင်းပြင်ထဲက
တည်ငြိမ်သော ကျောက်ရုပ်တစ်ရုပ်လို
ယုံကြည်ချက် အေးစက်ခဲ့ပြီ
မင်းကတော့ ဘယ်မှာ
မင်းကတော့ ဘယ်မှာ ငါလိုက်ရှာလည်းမတွေ့ပါ
ဘယ်လောက်ထိအောင် ပုန်းနိုင်မှာလည်း အချစ်
အို.. မင်းကတော့ ဘယ်မှာ
ငါ လိုက်ရှာလည်း မထူးပါ
ဘယ်လောက်ကြာကြာ
ရှောင်နိုင်မှာလည်း အချစ်ဆုံးရာ
အခုကျမှ ပြန်ပြီးတော့ မင်းငါ့ကိုတမ်းတနေ
လွမ်းရတဲ့ အကြောင်းတွေကို
သီချင်းလုပ်ပြီး ငါသိအောင်ပြောပြနေ
မင်းရဲ့ စောဒကတွေ
ပူလောင်တယ်ဆိုတဲ့ မင်းရဲ့ဒုက္ခတွေ
ငါမရှိတော့မှ ငါ့တန်ဖိုးကိုတစ်ခါပြန်ပြီး
သတိရနေ အဲဒီလိုဖြစ်မှ
မင်းလွမ်းရတဲ့ နေ့ရက်ရှည်
ဘယ်လို အရာမျိုးနဲ့
ငါ့နေရာကို အစားထိုးဖို့စဉ်းစားနေ
မင်း ငါ့ကိုမေ့ဖို့လေ
မင်းကတော့ ဘယ်မှာ ငါလိုက်ရှာလည်းမတွေ့ပါ
ဘယ်လောက်ထိအောင် ပုန်းနိုင်မှာလည်းအချစ်
အို.. မင်းကတော့ ဘယ်မှာ
ငါလိုက်ရှာလည်း မထူးပါ
ဘယ်လောက်ကြာကြာ
ရှောင်နိုင်မှာလည်း အချစ်ဆုံး
မင်းကတော့ ဘယ်မှာ ငါလိုက်ရှာလည်းမတွေ့ပါ
ဘယ်လောက်ထိအောင် ပုန်းနိုင်မှာလည်းအချစ်
မင်းကတော့ ဘယ်မှာ
ငါလိုက်ရှာလည်း မထူးပါ
ဘယ်လောက်ကြာကြာ
ရှောင်နိုင်မှာလည်း အချစ်ဆုံး
မင်းကတော့ ဘယ်မှာ ငါလိုက်ရှာလည်းမတွေ့ပါ
ဘယ်လောက်ထိအောင် ပုန်းနိုင်မှာလည်းအချစ်
အို.. မင်းကတော့ ဘယ်မှာ
ငါလိုက်ရှာလည်း မထူးပါ
ဘယ်လောက်ကြာကြာ
ရှောင်နိုင်မှာလည်း အချစ်ဆုံးရာ
အားလုံးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ..
<<<<<( ဂျိုဂျိုလေး )>>>>>