menu-iconlogo
huatong
huatong
avatar

အချစ် အယူခံ

သားဂန်းhuatong
poconomanorhuatong
Letra
Gravações
အချစ်အယူခံ

မပြေလည်နိုင်အောင်သူက ကြံရွယ်တယ်

ရင်မှာချစ်အားလေး ညိုးငယ်ရပါတယ်

ပြေလည်အောင်ဖြေရှင်းပါမယ်လေ

အယူခံ ဒီစကားလေးပြောပြတော့မယ်

အကြင်နာဆုံး မောင့်ရဲ့အချစ်ဆုံးရေ

နေပါအုံး မုန်းလိုက်တော့မှာလားမေ

ကြင်နာတက်သူလေး ရှောင်ပြေးလေတော့

ကိုယ်တစ်ယောက်ထဲ အခုတော့ ကြေကွဲပြီ

ကြင်သူရေ ကိုယ်တစ်ယောက်ထဲ ဆွေးပြီ

အချစ်ကြီးချစ်ခဲ့မိလို့

အမုန်းကြီးမုန်းပြီလား

တယူသန်ပဲ ဆုံးဖြတ်တော့မှာလားမေရယ်

အကျိုးအကြောင်းလေး မောင်ပြောပြမယ်

ကြင်သူရေ ခေါ်သံလေးကြားရင်

အချစ်ဟောင်းလေးကို ခဏလောက်

လှည့်လို့ကြည့်ပါအုံး

ပြန်လည်လို့ချစ်ခွင့်ပေးပါအုံးလား

နောက် တစ်ယောက်တော့မချစ်လိုက်နဲ့

အချိန်တွေကြာကြာမေ့ထားနိုင်သူရယ်

ဒဏ္ဍာရီ ဟောင်းလေးအလွမ်းတွေပြည့်ပီကွယ်

အနိုင်ယူပါကွယ် တောင်းပန်ပါတယ်

မေရေ ကိုယ်အရှူံးလေး ပေး..ပေးလိုက်မယ်

ရှောင်ဖယ်ကာ စိမ်းကားမှာလားလို့

အကြင်နာလေးများလည်း ပေးသနားပါအုံးကွယ်

ကျေပါတော့ အချစ်ဦးရန်ငြိုးတွေရယ်

အယူခံတေးလေးနဲ့ ကိုယ်ချော့မယ်

ကြင်သူရေ ကိုယ်တစ်ယောက်ထဲ ဆွေးပြီ

အချစ်ကြီးချစ်ခဲ့မိလို့

အမုန်းကြီးမုန်းပြီလား

တယူသန်ပဲ ဆုံးဖြတ်တော့မှာလားမေရယ်

အကျိုးအကြောင်းလေး မောင်ပြောပြမယ်

ကြင်သူရေ ခေါ်သံလေးကြားရင်

အချစ်ဟောင်းလေးကို ခဏလောက်

လှည့်လို့ကြည့်ပါအုံး

ပြန်လည်လို့ချစ်ခွင့်ပေးပါအုံးလား

နောက် တစ်ယောက်တော့မချစ်လိုက်နဲ့

အချိန်တွေကြာကြာမေ့ထားနိုင်သူရယ်

ဒဏ္ဍာရီဟောင်းလေးအလွမ်းတွေပြည့်ပီကွယ်

အနိုင်ယူပါကွယ် တောင်းပန်ပါတယ်

မေရေ ကိုယ်အရှူံးလေး ပေး..ပေးလိုက်မယ်

ရှောင်ဖယ်ကာ စိမ်းကားမှာလားလို့

အကြင်နာလေးများလည်း ပေးသနားပါအုံးကွယ်

ကျေပါတော့ အချစ်ဦး ရန်ငြိုးတွေရယ်

အယူခံတေးလေးနဲ့ မောင်ချော့မယ်

Mais de သားဂန်း

Ver todaslogo
အချစ် အယူခံ de သားဂန်း – Letras & Covers