အရှုံးသမားတို့ဖော်တဲ့ဆေး
တေးရေး.....သဟာအောင်
တေးဆို.....သားဂန်း
Intro ...
ဘုံဆိုင်လေးထဲမှာ
အသည်းလေးတွေ ကွဲနေတယ်...
ဖန်ခွက်လေးထဲမှာ
အလွမ်းလေးတွေ ထည့်ကာရယ်...
အရှုံးသမားလေး မော့သောက်နေတယ်...
မူး...တော့ ပိုလို့လွမ်းတယ်...
... Music .....
သန်းခေါင်ကျော်ညလေးထဲမှာ
အိပ်မရသူရှိနေတယ်...
စာအုပ်ဟောင်းလေးထဲမှာ
အမှတ်တရတွေထည့်ကာရယ်...
နှလုံးသွေးနဲ့ ရေးတဲ့ကဗျာရယ်...
အလွမ်းမျက်ရည် စွန်းထင်းနေတယ်....
အချစ်ကပေးဆပ်ခြင်းပါ...
အချစ်ကစွန့်လွှတ်ခြင်းပါ...
အချစ်ကအနစ်နာခံခြင်းတရား...
အချစ်ကပေးဆပ်ခြင်းပါ...
အချစ်ကစွန့်လွှတ်ခြင်းပါ...
အချစ်ကအနစ်နာခံခြင်းတရား...
ရယူပိုင်ဆိုင်လိုခြင်း
အလျှင်းမရှိတဲ့ ချစ်ခြင်းတရား..
ရေစက်တွေကုန်လို့ဝေးတဲ့
ချစ်သူမို့လည်း
နှလုံးသားကို စတေးလို့ထားတယ်
အရှုံးသမားတို့ ရင်ဖွင့်စကားရယ်
အသည်းကွဲ သူတွေအတွက်..
နှစ်သိမ့်ခဲ့တဲ့ ဆေးကောင်းတခွက်ပဲ....
..... Music ....
ဘုံဆိုင်လေးထဲမှာ
အသည်းလေးတွေ ကွဲနေတယ်...
ဖန်ခွက်လေးထဲမှာ
အလွမ်းလေးတွေ ထည့်ကာရယ်...
အရှုံးသမားလေး မော့သောက်နေတယ်...
မူး...တော့ ပိုလို့လွမ်းတယ်...
.... Music .....
သန်းခေါင်ကျော်ညလေးထဲမှာ
အိပ်မရသူရှိနေတယ်...
စာအုပ်ဟောင်းလေးထဲမှာ
အမှတ်တရတွေထည့်ကာရယ်...
နှလုံးသွေးနဲ့ ရေးတဲ့ကဗျာရယ်...
အလွမ်းမျက်ရည် စွန်းထင်းနေတယ်....
အချစ်ကပေးဆပ်ခြင်းပါ...
အချစ်ကစွန့်လွှတ်ခြင်းပါ...
အချစ်ကအနစ်နာခံခြင်းတရား...
အချစ်ကပေးဆပ်ခြင်းပါ...
အချစ်ကစွန့်လွှတ်ခြင်းပါ...
အချစ်ကအနစ်နာခံခြင်းတရား...
ရယူပိုင်ဆိုင်လိုခြင်း
အလျှင်းမရှိတဲ့ ချစ်ခြင်းတရား..
ရေစက်တွေကုန်လို့ဝေးတဲ့
ချစ်သူမို့လည်း
နှလုံးသားကို စတေးလို့ထားတယ်
အရှုံးသမားတို့ ရင်ဖွင့်စကားရယ်
အသည်းကွဲ သူတွေအတွက်..
နှစ်သိမ့်ခဲ့တဲ့ ဆေးကောင်းတခွက်ပဲ....
Say Z
ရွှင်လန်းချမ်းမြေ့ကြပါစေ...