မောင့်ချစ်သူ
သားသား
ပုရိသ ကလေးကအစ မိန်းခလေးချင်း
ငေးလို့ကြည့်လိုက် အိပ်မက်ပါတွေးရင်
မောင့်ချစ်သူဘယ်လိုဘယ်ပုံလှတယ်
ပြောပြရမလားစကားပုံတောင်ရှားတယ်
သနပ်ခါးကိုဘယ်ညာလူး ဆံထုံးလေးပါထုံး
မြန်မာရင်ဖုံးလေးနဲ့လိုက်ပါတယ်
ကြည့်စမ်းကွာမြင်သူငေး
ချောလှပါတယ်
မောင့်ချစ်သူဗမာ မလေးရယ်
ခြေဖဝါးမှာပုံတော်ဖိနပ် ပန်းနုရောင်လေး
ခြေတစ်လှမ်းတစ်သန်းမကထိုက်တန်တယ်
ကြည့်စမ်းကွာမြင်သူငေးချောလှပါတယ်
မောင့်ချစ်သူဗမာ မလေးရယ်
ပန်း ပန်တဲ့ ချစ်သူကေသာ
နန်းသွေးမြူးလို့ မင်းလေးအလှဝေဖြာ
နန်းဆန်တဲ့သူ့ရဲ့အမူရာ
မောင့်အသဲစွဲချစ်သူပျိုမေဟာ..
သနပ်ခါးကိုဘယ်ညာလူးဆံထုံးလေးပါထုံး
မြန်မာရင်ဖုံးလေးနဲ့လိုက်ပါတယ်
ကြည့်စမ်းကွာမြင်သူငေးချောလှပါတယ်
မောင့်ချစ်သူဗမာ မလေးရယ်
~ပန်းလေးတစ်ပွင်သူ့ရဲ့ခေါင်းထက်ပန်ပြီး
မိတ်ကပ်ပါးပါးလိမ်းတဲ့ဟန်နီ
သနပ်ခါးနံ့သင်းသင်းလေးမှာ
မွှေးမွှေးပေး တိတ်တိတ်လေး~
ပုရိသ ကလေးက အစမိန်းကလေးချင်း
ငေးလို့ကြည့်လိုက် အိမ်မက်ပါ တွေးရင်
မောင့်ချစ်သူဘယ်လိုဘယ်ပုံလှတယ်
ပြောပြရမလား စကားပုံတောင်ရှားတယ်
ခြေဖဝါးမှာပုံတော်ဖိနပ် ပန်းနုရောင်လေး
ခြေတစ်လှမ်းတစ်သန်းမက ထိုက်တန်တယ်
ကြည့်စမ်းကွာမြင်သူငေး
ချောလှပါတယ်
မောင့်ချစ်သူဗမာ မလေးရယ်
ပန်းပန်တဲ့ချစ်သူ့ကေသာ
နန်းသွေးမြူးလို့မင်းလေးအလှဝေဖြာ
နန်းဆန်တဲ့သူ့ရဲ့အမူရာ
မောင့်အသဲစွဲချစ်သူပျိုမေဟာ...
သနပ်ခါးကိုဘယ်ညာလူးဆံထုံးလေးပါထုံး
မြန်မာရင်ဖုံးလေးနဲ့လိုက်ပါတယ်
ကြည့်စမ်းကွာမြင်သူငေးချောလှပါတယ်
မောင့်ချစ်သူဗမာ မလေးရယ်....
Thanks