menu-iconlogo
huatong
huatong
avatar

သဲမိုး

ဟန်နေတာhuatong
🇨🇳ဝေမှိုင်းညို🎸🇨🇳huatong
Letra
Gravações
သဲမိုး

ဟန်နေတာ (eternal gøsh)

......

မှောင်မည်းနေတဲ့

မိုးသားအောက်မှာ

လူတွေပြေးလွှားနေ

ကမ္ဘာကြီးဟာလည်း

ငိုယိုကြေကွဲနေ

မြေသားအစိုင်ခဲတွေဟာ

လေထဲမှာဝဲပျံ​နေ

ပက်ကြားများအက်နေတယ်

ငါရဲ့မျက်နှာ

လေထုတွေထဲမှာ

အဆိပ်ငွေ့တွေပါလာသလား

တဖြည်းဖြည်း စီးယိုလာ

ငါ့နှာခေါင်းသွေးဟာ

Oxygen တွေလိုနေလို့ငါ

အသက်ရှုခွင့်ပေးပါ

Oxygen တွေလိုနေလို့ငါ

မျက်ရည်တောင်ကျလာ

သဲမိုးတွေကငါ့နောက်ကလိုက်ရွာ

ငါ့အသက်ရှုခြင်းကို

သဲတွေဖုံးအုပ်တော့မယ်

ငါ့ချစ်သူလေးဒီအမှောင်ထုထဲမှာ

မင်းမျက်နှာလေးကို

သဲတွေဖုံးအုပ်တော့မယ်

ဒီကပ်ဆိုးကြီးတွေ

အန္တရာယ်ဆိုးကြီးတွေ

ကမ္ဘာမြေအတွက်

တန်ခိုးရှင်တစ်ယောက်ကို

လှမ်းခေါ်ပေး

ဒါ နောက်ဆုံးနေ့တွေ

ဒါ နောက်ဆုံးညတွေ

အိပ်မက်ဆိုးတစ်ခုပါ

ခနနေပြီးဆုံးသွားမှာပဲ

မငိုပါနဲ့ ချစ်သူ

......

မြို့ရိုးပေါ်ကနေ

သဲပွင့်တွေမှောင်မိုက်

တဒိုင်းဒိုင်းပစ်နေတဲ့

မိုးကြိုးများဟာ

ရင်ဘတ်အလယ်ထဲမှာ

ပုန်းပီးကြောက်နေမလား

ငါ့ရဲ့ချစ်သူလေးက သနားစရာ

Oxygen တွေလိုနေလို့ငါ

အသက်ရှုခွင့်ပေးပါ

Oxygen တွေလိုနေလို့ငါ

မျက်ရည်တောင်ကျလာ

သဲမိုးတွေက

ငါ့နောက်ကလိုက်ရွာ

ငါ့အသက်ရှုခြင်းကို

သဲတွေဖုံးအုပ်တော့မယ်

ငါ့ချစ်သူလေးဒီအမှောင်ထုထဲမှာ

မင်းမျက်နှာလေးကို

သဲတွေဖုံးအုပ်တော့မယ်

ဒီ ကပ်ဆိုးကြီးတွေ

အန္တ ရာယ်ဆိုးကြီးတွေ

ကမ္ဘာမြေအတွက်

တန်ခိုးရှင်တစ်ယောက်ကို

လှမ်းခေါ်ပေး

ဒါ နောက်ဆုံးနေ့တွေ

ဒါ နောက်ဆုံးညတွေ

အိပ်မက်ဆိုးတစ်ခုပါ

ခဏနေပြီးဆုံးသွားမှာပဲ

မငိုပါနဲ့ ချစ်သူ

......

သူငယ်ချင်း

ငစိုးကြီးအတွက်

ဝဿန်

Mais de ဟန်နေတာ

Ver todaslogo
သဲမိုး de ဟန်နေတာ – Letras & Covers