menu-iconlogo
huatong
huatong
avatar

အလွမ်းမမပန်းမမ

ဟင်္သာတထွန်းရင်huatong
rosy3674huatong
Letra
Gravações
ပန်းကလေးတွေလို လှပပေမယ့်

ပန်းဆိုရင် မပန်ချင်ဘူးတဲ့

ပန်းဆိုရင် မပန်ချင်ဘူးတဲ့

ပန်းမကြိုက်တဲ့ မောင့်ပန်းမမရယ်

သြော် ပန်းမမရယ်

ပန်းကလေးတွေလို လှပပေမယ့်

ပန်းဆိုရင် မပန်ချင်ဘူးတဲ့

ပန်းဆိုရင် မပန်ချင်ဘူးတဲ့

ပန်းမကြိုက်တဲ့ မောင့်ပန်းမမရယ်

သြော် ပန်းမမရယ်

ပန်းနိမိတ်ကို ကြောက်လို့လား

ပန်းလိုကြွေမှာ စိုးလို့လား

ပန်းလိုမွှေးတဲ့ အချစ်ကလေးတွေကို

ပန်းလိုညိုးလို့ ပန်းလိုကြွေမှာ

စိုးထိတ်လို့ မဝံ့ရဲလေသလား

ထွေပြား စိတ်ဝယ်

ချစ်နိမိတ်ပန်းလေး မပေးရဲသူ

တိတ်တခိုးချစ်တဲ့ ဒီကောင်လေးဘဝ

ချစ်အရိပ်ဘယ်က စရပါမယ်

ချစ်ခွန်းဘယ်လို ချွေရမလဲ

ပန်းလိုလှတယ် မောင့်ပန်းမမရယ်

အလွမ်းပြေစကားတောင် မပြောလိုက်ရဘူးကွယ်

ပန်းတွေကြားက ပန်းမမချော

ပန်းကလေးတွေကြား အိပ်စက်နား

ပန်းကလေးတွေကြား အိပ်စက်နား

ဘဝ ခြားခဲ့ပြီကွယ်

ပန်းနဲ့ချစ်သူ ဘယ်သူကလှတယ်

ဝေခွဲမရဘူးကွယ်

ရွှေအသည်းကြေကွဲ မျက်ရည်ဝဲလည်

ရွှေအသည်းကြေကွဲ မျက်ရည်ဝဲလည်

ရွှေအသည်းကြေကွဲ မျက်ရည်ဝဲလည်

ရွှေအသည်းကြေကွဲ မျက်ရည်ဝဲလည်

သြော် အလွမ်းမမပန်းမမရယ်

မမ ပန်းမကြိုက်မှန်း

သိတဲ့ကောင်လေး ပူဆွေးကြေကွဲ

ဖြေလည်း မရပြီကွယ်

ခွင့်လွှတ်ပါ့ ပန်းမမရယ်

နောက်ဆုံးလက်ဆောင်

ပန်းစည်းလေးတွေထဲမှာ

မပြောဖြစ်ခဲ့တဲ့ ချစ်စကားလေးတွေ

အစီရီထည့်လို့

နှုတ်ဆက်ပါရစေ ပန်းမမရယ်

ဒီဘဝဒီမျှနဲ့ပဲ

ခွဲခဲ့ပြီ ဝေးခဲ့ပြီ

ဝေးခဲ့ပြီ ခွဲခဲ့ပြီ

အလွမ်းမမ ပန်းမမရယ်

အလွမ်းပြေစကားတောင် မပြောလိုက်ရဘူးကွယ်

ပန်းတွေကြားက ပန်းမမချော

ပန်းကလေးတွေကြား အိပ်စက်နား

ပန်းကလေးတွေကြား အိပ်စက်နား

ဘဝ ခြားခဲ့ပြီကွယ်

ပန်းနဲ့ချစ်သူ ဘယ်သူကလှတယ်

ဝေခွဲမရဘူးကွယ်

ရွှေအသည်းကြေကွဲ မျက်ရည်ဝဲလည်

ရွှေအသည်းကြေကွဲ မျက်ရည်ဝဲလည်

ရွှေအသည်းကြေကွဲ မျက်ရည်ဝဲလည်

ရွှေအသည်းကြေကွဲ မျက်ရည်ဝဲလည်

သြော် အလွမ်းမမပန်းမမရယ်

မမ ပန်းမကြိုက်မှန်း

သိတဲ့ကောင်လေး ပူဆွေးကြေကွဲ

ဖြေလည်း မရပြီကွယ်

ခွင့်လွှတ်ပါ့ ပန်းမမရယ်

နောက်ဆုံးလက်ဆောင်

ပန်းစည်းလေးတွေထဲမှာ

မပြောဖြစ်ခဲ့တဲ့ ချစ်စကားလေးတွေ

အစီရီထည့်လို့

နှုတ်ဆက်ပါရစေ ပန်းမမရယ်

ဒီဘဝဒီမျှနဲ့ပဲ

ခွဲခဲ့ပြီ ဝေးခဲ့ပြီ

ဝေးခဲ့ပြီ ခွဲခဲ့ပြီ

အလွမ်းမမ ပန်းမမရယ်

Mais de ဟင်္သာတထွန်းရင်

Ver todaslogo

Você Pode Gostar