စတော်ဘယ်ရီ ချစ်သည်းရှင်
ဆို ဇော်ဝင်းထွဋ် ဟေမာနေဝင်း
စတော်ဘယ် ရီချယ်ရီရောရင်
တော်တန်ရုံလူပင်
ဘုံကမ္ဘာ ခုနှစ်ဆင့် အမြင့်ကို
မြင်ယောင်သလိုလိုထင်
ဘယ်ဆီကို မမျှော်မှန်း ပဲကွယ်
ထင်ရာမြင်ရာကို
အဖေါ်ရယ်မပါ
တစ်ယောက်တည်း တွေးကာ
လာစဉ်ချိန် မှာကွယ်
သူခေါ်ရာအပြေး ကလေးစိတ်မှာ
ညင်သာစွာပါတယ်
ဘယ်ဆီကိုသွားမလဲ အချစ်ရယ် ပျော်စရာကွယ်
အိုး သိပ်ပျော်တယ်
စတော်ဘယ် ရီချယ်ရီရောရင်
တော်တန်ရုံလူပင်
ဘုံကမ္ဘာ ခုနှစ်ဆင့် အမြင့်ကို
မြင်ရောင်သလိုလိုထင်
အချိန်ယူကာ အေးအေးဆေးဆေး
နေစေချင်ပါတယ်
စတော်ဘယ်ရီ သီးလေးများ ကိုဖျော်ကာကွယ်
အိုး တိုက်ပါမယ်
ရီဝေဝေ ကိုယ့်ခေါင်းထဲမှာ
ချာချာလည်နေတယ်
ဘယ်အချိန်မှာ ကိုယ်အိပ် သွားတယ်
မသေချာမရေရာတယ်
ကိုယ်ပြန်လည်နိုး သောအခိုက်မှာ
အခြေအနေကို ပြန်လည်
သူအခါခါ အထပ်ထပ် ထည့်တာ
မြင်ယောင်တယ်
အိုး မြူးလာတယ်
စတော်ဘယ်ရီ ချယ်ရီရောရင်
တော်တန်ရုံလူပင်
ဘုံကမ္ဘာ ခုနှစ်ဆင့်အမြင့်ကို
မြင်ရောင်သလိုလိုထင်
စေတနာကို သိတက်ခဲ့ရင်
တော်ပါပြီ ရှင်ရယ်
စတော်ဘယ်ရီ သီးလေးများ ကိုဖျော်ကာကွယ်
အိုး တိုက်ပါမယ်
နွေရာသီ အချိန်ဦး အစလို
သာယာနာပျော်ဖွယ်
အသံသာသာ ကိုယ်မကြား တော့ပါ
သူဘယ်ဆီဘယ်ဝယ်
ဒီအချိန်မှာ အမှတ်အရ ဆုံးဟာ
စတော်ဘယ်ရီချယ်ရီ
ရွှေကိန္နရီလေးများ အလားကွယ်
ထင်ယောင်တယ်
အိုး မမေ့နိုင်တယ်
စတော်ဘယ်ရီ ချယ်ရီရောရင်
တော်တန်ရုံလူပင်
ဘုံကမ္ဘာ ခုနှစ်ဆင့်အမြင့်ကို
မြင်ယောင်သလိုလိုထင်
အချိန်ယူကာ အေးအေးဆေးဆေး
နေစေချင်ပါတယ်
စတော်ဘယ်ရီ သီးလေးများကိုဖျော်ကာကွယ်
အိုး တိုက်ပါမယ်