တစ်ချို့တွေ အိမ်မပြန်နိုင်တော့ချိန်
တစ်ချို့တွေ ပြန်မဆုံနိုင်တော့ချိန်
တစ်ချို့တွေ အမှောင်ယံတွေထဲ
လမ်းပျောက်ခဲ့ပြီ
တစ်နေ့မှာ အရာရာ အောင်မြင်ပြီး
ရောင်နီတွေ လင်းချိန်
တကယ်ပဲ သင်တို့ လိပ်ပြာလုံနိုင်မှာလား
လေပြေတွေ ရောက်လို့ မလာခင်
မုန်တိုင်းတွေ ကျော်ဖြတ်ရဦးမယ်
အမှောင်ယံတွေ ကြီးစိုးပြီးသွားရင်
နေရောင်တွေ ပြန်လင်းလက်သွားမယ်
အကာကွယ်တွေ မရှိတဲ့ဘ၀မှာ
ကျည်ဆံတွေ ဘယ်လိုချင်မလဲ
နောင်တစ်ချိန် အနာဂတ်တို့အတွက်
ကောင်းစားဖို့ရာ
ဒီလူတွေ လုပ်ရက်လေခြင်း
တစ်ချို့တွေ အိမ်မပြန်နိုင်တော့ချိန်
တစ်ချို့တွေ ပြန်မဆုံနိုင်တော့ချိန်
တစ်ချို့တွေ အမှောင်ယံတွေထဲ
လမ်းပျောက်ခဲ့ပြီ
တစ်နေ့မှာ အရာရာအောင်မြင်ပြီး
ရောင်နီတွေလင်းချိန်
တကယ်ပဲ သင်တို့ လိပ်ပြာလုံနိုင်မှာလား
ဒီကြယ်လေးတွေ ကြွေလွင့်ချိန်
သင်တို့ လိပ်ပြာလုံရဲ့လား
အနာဂတ်တွေဟာ မသေချာတော့ပါ
ဒီတိုက်ပွဲမှာ ငါတို့ဟာ
အသွေးနဲ့ အသားကို ပုံအပ်ထား
သင်တို့တွေ တကယ် လိပ်ပြာလုံရဲ့လား
ဒီကြယ်လေးတွေ ကြွေလွင့်ချိန်
သင်တို့ လိပ်ပြာလုံရဲ့လား
အနာဂတ်တွေဟာ မသေချာတော့ပါ
ဒီတိုက်ပွဲမှာ ငါတို့ဟာ
အသွေးနဲ့ အသားကို ပုံအပ်ထား
သင်တို့တွေ တကယ် လိပ်ပြာလုံရဲ့လား
သင်တို့တွေ တကယ် လိပ်ပြာလုံရဲ့လား
သင်တို့တွေ တကယ် လိပ်ပြာလုံရဲ့လား
............................