menu-iconlogo
huatong
huatong
avatar

အဖေ့စကား

အောင်ရင်huatong
priyakem99huatong
Letra
Gravações
သီချင်း - အဖေ့စကား

တေးဆို - အောင်ရင်

နှလုံးသွေးနဲ့ရေးဖွဲ့ခဲ့တဲ့ ဒီလောကဓံတွေရဲ့ကြား

အပြစ်ကင်းတဲ့ကလေးလေးတစ်ယောက်

ခေါ်ဆောင်လာခဲ့တယ်

အိုး ဖေဖေကြီးတဲ့ သူ့ခေါ်သံလေးရယ်

အရင်ဦးဆုံးစကားစပြောချိန် သတိရတယ်

လူ့ဘ၀ကခန့်မှန်းရခက်တယ် အမေးအဖြေကိုယ်စီနဲ့

နက်နဲတဲ့လောကပုစၧာ သဘာ၀ပဲ

အချိန်တန်အရွယ်ရောက်ရင် ပိုဆင်ခြင်ရမယ်

စိတ်အလိုဆန္ဒများ အမှားမှန်တွေ သတိထား

ဘ၀လမ်းဟာ ဖြောင့်တလှည့် ကောက်တလှည့်ပါ

နီးတလှည့် ေ၀းတလှည့်ပါ

လောကဓံတွေရဲ့ကြားမှာ သင်ခန်းစာတွေယူပါ

ချိုးတလှည့် ကောက်တလှည့်ဘ၀

မာယာတွေကြားထဲက လွတ်မြောက်နိုင်အောင်ကြိုးစား

ဒါအဖေ့မေတ္တာစကား

နှလုံးသွေးနဲ့ရေးဖွဲ့ခဲ့တဲ့ ဒီလောကဓံတွေရဲ့ကြား

အပြစ်ကင်းတဲ့ကလေးလေးတစ်ယောက်

ခေါ်ဆောင်လာခဲ့တယ်

အိုး ဖေဖေကြီးတဲ့ သူ့ခေါ်သံလေးရယ်

အရင်ဦးဆုံးစကားစပြောချိန် သတိရတယ်

လူ့ဘ၀ကခန့်မှန်းရခက်တယ် အမေးအဖြေကိုယ်စီနဲ့

နက်နဲတဲ့လောကပုစၧာ သဘာ၀ပဲ

အချိန်တန်အရွယ်ရောက်ရင် ပိုဆင်ခြင်ရမယ်

စိတ်အလိုဆန္ဒများ အမှားမှန်တွေ သတိထား

ဘ၀လမ်းဟာ ဖြောင့်တလှည့် ကောက်တလှည့်ပါ

နီးတလှည့် ေ၀းတလှည့်ပါ

လောကဓံတွေရဲ့ကြားမှာ သင်ခန်းစာတွေယူပါ

ချိုးတလှည့် ကောက်တလှည့်ဘ၀

မာယာတွေကြားထဲက လွတ်မြောက်နိုင်အောင်ကြိုးစား

လဲနေလဲ ပြန်ထဖို့မမေ့ပါနဲ့ သားရယ်

အသက်ရှင်သမျှတို့ကြိုစားခွင့်ရှိတယ်

ဘ၀ကိုဖြစ်သလိုနှင်းလျှောက်မသွားပါနဲ့ သမီးရယ်

အဖေ့မျက်ကွယ်ရာမှာ စိတ်ချချင်တယ်

ဘ၀လမ်းဟာ ဖြောင့်တလှည့် ကောက်တလှည့်ပါ

နီးတလှည့် ေ၀းတလှည့်ပါ

ဒီလောကဓံတွေရဲ့ကြားမှာ သင်ခန်းစာတွေယူပါ

ချိုးတလှည့် ကောက်တလှည့်ဘ၀

မာယာတွေကြားထဲက လွတ်မြောက်နိုင်အောင်ကြိုးစား

ဒါအဖေ့မေတ္တာစကား

ဘ၀လမ်းဟာ ဖြောင့်တလှည့် ကောက်တလှည့်ပါ

နီးတလှည့် ေ၀းတလှည့်ပါ

ဒါအဖေ့မေတ္တာစကား

ဘ၀လမ်းဟာ ချိုးတလှည့် ကောက်တလှည့်ပါ

နီးတလှည့် ေ၀းတလှည့်ပါ

ဒါအဖေ့မေတ္တာစကား

Mais de အောင်ရင်

Ver todaslogo