menu-iconlogo
huatong
huatong
avatar

ဗျတ္တလိုပန်းဆက်သမား unicode

အောင်သူhuatong
millicentansahhuatong
Letra
Gravações
ဗျတ္တလို ပန်းဆက်သမား

ပုဂံရာဇဝင်ဇာတ်ကြောင်းထဲက

လူစွမ်းကောင်းဗျတ္တဘဝလို...

မြင့်ခေါင်သောနတ်ပန်းတော...

တောင်တော်ရွှေပုပ္ပါးက မွှေးသောကြူသော

မဉ္ဇူသကပန်း အဆန်းဆန်းကိုခူးဆွတ်လို့ရယ်

ပုဂံပြည့်ရှင်အနော်ရထာမင်းထံ

အချိန်မှန်မှန် ဆက်သခဲ့သလိုနှယ်...

မောင်းပေးခဲ့တဲ့ပန်းကလေးတွေလည်း...

မွေ့ယာခင်းလို့မင်းပျော်ခဲ့ဘူးတယ်...

မွေ့ယာခင်းလို့မင်းပျော်ခဲ့ဘူးတယ်.......

စပယ်ပွင့်ချိန်စပယ်ပါကွယ်

ပိတောက်ပွင့်ချိန် ပိတောက်ဆက်ခဲ့တယ်...

သဇင်ငြိမ်းကေသာဦးမှာ မောင်ခူးလို့

ဂုဏ်တင့်စေခဲ့တယ် နံနက်တိုင်းမှာကွယ်

ဗျတ္တလိုပန်းဆက်သမားပါကွယ်........

စပယ်ပွင့်ချိန်စပယ်ပါကွယ်

ပိတောက်ပွင့်ချိန် ပိတောက်ဆက်ခဲ့တယ်...

သဇင်ငြိမ်းကေသာဦးမှာ မောင်ခူးလို့

ဂုဏ်တင့်စေခဲ့တယ် နံနက်တိုင်းမှာကွယ်

ဗျတ္တလိုပန်းဆက်သမားပါကွယ်........

ရုတ်တရက်နှုတ်ဆက်ပါဘဲ မင်းမောင့်ကို

ခွဲထားခဲ့သလိုလည်း...

တစ်နှစ်တင်းတင်းပြည့်ခဲ့ပါပြီကွယ်...

မင်းအုတ်ဂူဖြူဖြူလေးနဲ့ မောင်စကားပြောရင်

ငိုရတာလည်း မောနိုင်ပါဘူးချစ်ရယ်

ကေသာမှာ နေရာယူခွင့်မသာတဲ့

ပန်းကလေးတွေလည်း

အုတ်ဂူလေးပေါ်သခင်မဲ့ကြပြီ

တမလွန်ချစ်သူရယ်...

စပယ်ပွင့်ချိန်စပယ်ပါကွယ်

ပိတောက်ပွင့်ချိန် ပိတောက်ဆက်ခဲ့တယ်...

သဇင်ငြိမ်းမင်းဂူဘေးမှာ မောင်ခူးလို့

ဆင်မြဲပါပဲကွယ် နံနက်တိုင်းမှာကွယ်...

ဗျတ္တလိုပန်းဆက်သမားပါကွယ်.....

ပုဂံရာဇဝင်ဇာတ်ကြောင်းထဲက

လူစွမ်းကောင်းဗျတ္တဘဝလို...

မြင့်ခေါင်သောနတ်ပန်းတော...

တောင်တော်ရွှေပုပ္ပါးက

မွှေးသောကြူသော မဉ္ဇူသကပန်း

အဆန်းဆန်းကိုခူးဆွတ်လို့ရယ်

ပုဂံပြည့်ရှင်အနော်ရထာမင်းထံ

အချိန်မှန်မှန် ဆက်သခဲ့သလိုနှယ်...

မောင်ပေးခဲ့တဲ့ပန်းကလေးတွေလည်း...

မွေ့ယာခင်းလို့မင်းပျော်ခဲ့ဘူးတယ်...

မွေ့ယာခင်းလို့မင်းပျော်ခဲ့ဘူးတယ်.......

စပယ်ပွင့်ချိန်စပယ်ပါကွယ်

ပိတောက်ပွင့်ချိန် ပိတောက်ဆက်ခဲ့တယ်...

သဇင်ငြိမ်းကေသာဦးမှာ

မောင်ခူးလို့ ဂုဏ်တင့်စေခဲ့တယ်

နံနက်တိုင်းမှာကွယ်

ဗျတ္တလိုပန်းဆက်သမားပါကွယ်........

ရုတ်တရက်နှုတ်ဆက်ပါဘဲ မင်းမောင့်ကို

ခွဲထားခဲ့သလိုလည်း...

တစ်နှစ်တင်းတင်းပြည့်ခဲ့ပါပြီကွယ်...

မင်းအုတ်ဂူဖြူဖြူလေးနဲ့

မောင်စကားပြောရင်

ငိုရတာလည်း မောနိုင်ပါဘူးချစ်ရယ်

ကေသာမှာ နေရာယူခွင့်မသာတဲ့

ပန်းကလေးတွေလည်း

အုတ်ဂူလေးပေါ်သခင်မဲ့ကြပြီ

တမလွန်ချစ်သူရယ်...

စပယ်ပွင့်ချိန်စပယ်ပါကွယ်

ပိတောက်ပွင့်ချိန် ပိတောက်ဆက်ခဲ့တယ်...

သဇင်ငြိမ်းမင်းဂူဘေးမှာ

မောင်ခူးလို့ ဆင်မြဲပါပဲကွယ်

နံနက်တိုင်းမှာကွယ်...

ဗျတ္တလိုပန်းဆက်သမားပါကွယ်.....

Mais de အောင်သူ

Ver todaslogo