menu-iconlogo
huatong
huatong
avatar

ပုံပြောကောင်းတဲ့မောင့်ချစ်သူ AhNaing

အနိုင်huatong
Mr_USoehuatong
Letra
Gravações
ပုံပြောကောင်းသော မောင့်ချစ်သူ

MyanmarMusicMaestro

U-Soe

ရာဇ၀င်လိုလို ပုံပြင်လိုလို

တစ်ထောင့်တစ်ည ပုံပြောကောင်းတဲ့

မိန်းမချောလေး အချစ်ရယ်....

ရာဇ၀င်လိုလို ပုံပြင်လိုလို

တစ်ထောင့်တစ်ည ပုံပြောကောင်းတဲ့

မိန်းမချောလေး အချစ်ရယ်....

မှော်ရုံမြိုင်တန်းက

မင်းရာမ ချစ်ဖွဲ့ပုံလေးတွေ

သီတာမယ်လေးအပေါ် အချစ်လိုလေး

လိုက်ခဲ့ပုံလေးတွေ

ရွှေတညင် ဟိုဘက်ကျွန်း

လွမ်းသူလေးရှိတဲ့ ဌာနကို

နန္ဒာကိုယ်တော်လေး ရောက်အောင်ပဲ

လှမ်းခဲ့ပုံလေးတွေ

မမေ့အောင်ပြောထားခဲ့တော့

ရင်ထဲက နေ့တိုင်းပဲ သတိရလို့နေ

ချစ်တယ် တစ်သက်လုံးချစ်တယ်

အမုန်းဆိုတစ်သက်လုံးမသုံးတယ်

ပြောလာခဲ့သော စကားတွေ

သြော်-----မေ့နေပြီလားအချစ်ရယ်

ဒဏ္ဍာရီပုံပြင်ထဲက

အချစ်ပြောတဲ့အကြောင်းလေးတစ်ခုကို

မောင်ပြောပြမယ် နားထောင်ပါကွယ်

ဟိုရှေးရာဇ၀င် စောင်းအိုလုလင်လေး

တစ်ဦးနဲ့ကွယ်

ဘုရင့်သမီးတော် ချစ်ကြိုးလေးတွေ

ငြိတွယ်ခဲ့ရတယ်

ဖခမည်းတော်ရယ်.. အရှက်တော်ထား

အမျက်တော်ပွားလို့ရယ်

သူတို့နှစ်ဦးကို ဂူထဲသွင်း

သတ်စေ အမိန့်နဲ့ရယ်

ဒီဇာတ်လမ်းလေးရယ်

သနားစဖွယ် သနားစဖွယ်..

မောင့်ကိုဘယ်တော့မခွဲပေ

ဘ၀တွေဆယ်ဘ၀ဆက်ပါစေ

ပြောလာခဲ့သော စကားတွေ

သြော် မေ့နေပြီလား အချစ်ရေ

အချစ်ရယ် စိမ်းကားမဲ့အတူ

အရှင်မထားနဲ့

တစ်ခါထဲပဲ သတ်ခဲ့တော့ကွယ်

ချစ်တယ် တစ်သက်လုံးချစ်တယ်

အမုန်းဆိုတစ်သက်လုံးမသုံးတယ်

ပြောလာခဲ့သော စကားတွေ

သြော်-----မေ့နေပြီလားအချစ်ရယ်

ဒဏ္ဍာရီပုံပြင်ထဲက

အချစ်ပြောတဲ့အကြောင်းလေးတစ်ခုကို

ပြန်ပြောပြမယ် နားထောင်ပါကွယ်

ဟိုရှေးရာဇ၀င် စောင်းအိုလုလင်လေး

တစ်ဦးနဲ့ကွယ်

ဘုရင့်သမီးတော် ချစ်ကြိုးလေးတွေ

ငြိတွယ်ခဲ့ရတယ်

ဖခမည်းတော်ရယ်... အရှက်တော်ထား

အမျက်တော်ပွားလို့ရယ်

သူတို့နှစ်ဦးကို ဂူထဲသွင်း

သတ်စေ အမိန့်နဲ့ရယ်

ဒီဇာတ်လမ်းလေးရယ်

သနားစဖွယ် သနားစဖွယ်..

မောင့်ကိုဘယ်တော့မခွဲပေ

ဘ၀တွေဆယ်ဘ၀ဆက်ပါစေ

ပြောလာခဲ့သော စကားတွေ

သြော် မေ့နေပြီလား အချစ်ရေ

အချစ်ရယ် စိမ်းကားမဲ့အတူ

အရှင်မထားနဲ့

တစ်ခါထဲပဲ သတ်ခဲ့တော့ကွယ်

....

ကျေးဇူးတင်ပါတယ်

Mais de အနိုင်

Ver todaslogo