menu-iconlogo
huatong
huatong
avatar

ဝဋ်ကြွေးရှိသမျှ

ကျော်သီဟhuatong
KonohaArthuatong
Letra
Gravações
ဝဋ်ကြွေးရှိသမျှ

တေးဆို - ကျော်သီဟ

သတိမေ့ထားပါတယ်

တစ်ခါတစ်လေ လမ်းမှာ

တွေ့ရင်လည်း

ယောင်မှားလို့တောင်မှ

မပြုံးပြဖို့ ငါကြိုးစားမယ်

အမှတ်တရပေးခဲ့သော

ဒဏ်ရာများစွာရှိနေလည်း

နင့်အကြောင်များတွေးရင်

တဆစ်ဆစ်နဲ့ နာတယ်

နင်ပိုချစ်ခဲ့တဲ့ နင့်

အတ္တများရယ်

နင်စော်ကားခဲ့သမျှ

စကားလုံးများ အဓိပ္ပာယ်

ပြန်ယူသွားပါတော့

ငါမလိုချင်တော့

မဖြစ်သင့်ပါဘူး

မရှိရှိတာတစ်ခု

အကြောင်းပြကာ

မယောင်ရာကို ဆီလူးတဲ့သူ

ရင်ခွင်ကို

တရားမဲ့နှိပ်စက်နေ

မင်းအချစ်ရဲ့

ဥပဒေ အကြင်နာတွေ

လာဘ်စားလို့နေ

မထူနိုင်အောင် လဲကျနေခဲ့

ငါဟာအားကိုးရာမဲ့

ဝဋ်ကြွေးရှိသမျှကျေပါရစေ ဒီဘဝနဲ့

သတိမေ့ထားပါတယ်

တစ်ခါတစ်လေ လမ်းမှာ

ဆုံခဲ့လည်း

ယောင်မှားလို့တောင်မှ

မပြုံးပြဖို့ ငါကြိုးစားမယ်

အမှတ်တရပေးခဲ့သော

ဒဏ်ရာများစွာရှိနေလည်း

နင့်အကြောင်များတွေးရင်

တဆစ်ဆစ်နဲ့ နာတယ်

အပိုင်းပိုင်းနင်ချိုး

မီးနဲ့တင်ရှို့

ငါ့ဘဝဟာ

ဘုရားပြီးတော့ ငြမ်းဖျက်သလိုမျိုး

အရာရာဟာ

နင့်ကြောင့်မဟုတ်ခဲ့သလို

အပြုံးမပျက်တဲ့

နင့်ကို သေရာပါ ငါမုန်းတတ်ဖို့

နာကျင်တာ ပြောပြနိုင်မယ့်

စကားလုံးမရှိခဲ့

ဝဋ်ကြွေးရှိသမျှ

ကျေပါရစေ ဒီဘဝနဲ့

နင့်စိတ်နဲ့နင့်ကိုယ်

နင်အစိုးမရခဲ့သူလား

အရိုးသားဆုံးအချစ်ကို

နင်တန်ဖိုးမသိခဲ့တာလား

ငါလေတွေးလို့မရ

စဉ်းစားမရ

ဆုံးဖြတ်ရခက်လိုက်တာကွာ

မဖြစ်သင့်ပါဘူး

မရှိရှိတာတစ်ခု

အကြောင်းပြကာ

မယောင်ကို ဆီလူးတဲ့သူ

ရင်ခွင်ကို တရားမဲ့နှိပ်စက်နေ

မင်းအချစ်ရဲ့ ဥပဒေ

အကြင်နာတွေ

လာဘ်စားလို့နေ

မထူနိုင်အောင် လဲကျနေခဲ့

ငါဟာအားကိုးရာမဲ့

ဝဋ်ကြွေးရှိသမျှ ကျေပါရစေ ဒီဘဝနဲ့

ဒီဘဝနဲ့ …

နာကျင်တာပြောပြနိုင်မယ့်

စကားလုံးမရှိခဲ့ ဝဋ်ကြွေးရှိသမျှ

ကျေပါရစေ ဒီဘဝနဲ့

Mais de ကျော်သီဟ

Ver todaslogo