ထာဝရအချစ်နဲ့ ဝေး ဆို ဇေယျာနိုင်
ready
မင်းနဲ့အတူပေါင်းခွင့်မရတောင်
အသက်ရှင်နေသမျှ ချစ်နေခွင့်ပေးပါ
မမြင်ကွယ်ရာ ထွက်သွားပါ့မယ်
သည်းနုညှာခိုင် ပန်းပွင့်ငယ်ရယ်
အနမ်းနုနုခြွေခွင့်ပြုပါ
ဒီတစ်ခါနောက်ဆုံး နှုတ်ဆက်ချိန်မှာ. . .
အသင်္ချေ ဘ၀ဆက်တိုင်းမှာ
တို့အတူပေါင်းခွင့်ရချင်ပါတယ်
ဒီဘ၀အတွက်တော့ ဝေးပြီအချစ်ရယ်
အချစ်များစွာနဲ့ကျောခိုင်းထွက်သွား ပြီ. .
အစွန်းရောက်အောင်ချစ်ခဲ့တဲ့သူ
အဆုံးအစွန်မဲ့သော အဝေးမှာတကယ်မမေ့နိုင်
မြေနီနီ ဒီလမ်းကလေးအပေါ်
ရွက်ခြောက်ကြွေသံ မိုးစက်ကြွေသံ
နှင်းစက်တို့ကြွေကျတဲ့အသံ
ကဗျာဆန်နေဆဲ လမ်းကလေးပေါ်မှာ
ဆယ်ကမ္ဘာ ခြားလည်းမင်းကို
ချစ်နေမြဲအတိုင်းချစ်နေမှာပါ
ဘာအတွက်နဲ့မှ သစ္စာမပျက်ပြယ်
ထာဝရအချစ်နဲ့ဝေးခဲ့သူတစ်ယောက်ပါ. .
ready
မင်းနဲ့အတူပေါင်းခွင့်မရတောင်
အသက်ရှင်နေသမျှ ချစ်နေခွင့်ပေးပါ
မမြင်ကွယ်ရာ ထွက်သွားပါ့မယ်
သည်းနုညှာခိုင် ပန်းပွင့်ငယ်ရယ်
အနမ်းနုနုခြွေခွင့်ပြုပါ
ဒီတစ်ခါနောက်ဆုံး နှုတ်ဆက်ချိန်မှာ. . .
အသင်္ချေ ဘ၀ဆက်တိုင်းမှာ
တို့အတူပေါင်းခွင့်ရချင်ပါတယ်
ဒီဘ၀အတွက်တော့ ဝေးပြီအချစ်ရယ်
အချစ်များစွာနဲ့ကျောခိုင်းထွက်သွား ပြီ. .
အစွန်းရောက်အောင်ချစ်ခဲ့တဲ့သူ
အဆုံးအစွန်မဲ့သော အဝေးမှာတကယ်မမေ့နိုင်
မြေနီနီ ဒီလမ်းကလေးအပေါ်
ရွက်ခြောက်ကြွေသံ မိုးစက်ကြွေသံ
နှင်းစက်တို့ကြွေကျတဲ့အသံ
ကဗျာဆန်နေဆဲ လမ်းကလေးပေါ်မှာ
ဆယ်ကမ္ဘာ ခြားလည်းမင်းကို
ချစ်နေမြဲအတိုင်းချစ်နေမှာပါ
ဘာအတွက်နဲ့မှ သစ္စာမပျက်ပြယ်
ထာဝရအချစ်နဲ့ဝေးခဲ့သူတစ်ယောက်ပါ. .
All Thanks