menu-iconlogo
huatong
huatong
avatar

အိပ်မက်ရင်ခွင်

ဇော်ပိုင်huatong
MOEKYASHWEKOhuatong
Letra
Gravações
****အိပ်မက်ရင်ခွင်****

ဆို-ဇော်ပိုင်

Intro:

ပြတင်းတံခါးကနှင်းစက်တွေကိုကြည့်ရင်းနဲ့

မင်းမသိနိုင်ခဲ့ ငါ့သီချင်းများ

ဖြူစင်တဲ့နှင်းစက်တွေ အရည်ပျော်ကုန်ပြီ

မပျော်နိုင်ဘူးဟေ့ မင်းမရှိလို့ ...

ဟိုးအဝေးကအချစ် နင်လာမလား

ငါ့ဘဝကမင်းမရှိခဲ့ရင် ခြောက်ခမ်းပြီး

အိပ်မက်ထဲမင်း အခါခါခေါ်ရင်း

အို..အချစ်လေးရေ နားစွင့်ပါ ...

ဒီသီချင်းလေး မဆုံးခင်

ရင်ခွင်ထဲလှမ်းခဲ့ပါ ...

ပြန်လာမယ့်နေ့ စောင့်နေတယ်

မင်းလေးသိလား ...

ဒီသီချင်းလေးမဆုံးခင်

ငိုမနေနဲ့တော့ ကလေးရေ

ငါလွမ်းဆဲ ချစ်သူရဲ့ သီချင်းလေး ...

ပြတင်းတံခါးလေးပိတ်ပြစ်လိုက်တယ်လမင်းလေး

မင်းအလင်းရောင်တွေငါ့မှာလိုအပ်ဆဲ

အပြာရောင်အခန်းစီးစတွေငါလေဖယ်ပြီး

ဟိုအပြင်ဖက်ထဲက ကြင်နာသူမင်း ...

ဒီသီချင်းလေး မဆုံးခင်

ရင်ခွင်ထဲလှမ်းခဲ့ပါ ...

ပြန်လာမယ့်နေ့ စောင့်နေတယ်

မင်းလေးသိလား ...

[key change]

တောင့်တတဲ့စိတ်နဲ့ ငါချိုမြိန်နေတယ်

ရက်စက်တဲ့အနမ်းတို့လိုချင်လွန်းလို့

မင်းမသိနိုင်ပါ အို..အားလုံး

မင်းစကားလုံးများနဲ့ ငါပျော်ဝင်မယ်

အားပေးမဲ့အပြုံးတို့လိုချင်ခဲ့တာ

သီချင်းလေးတွေတောင်မသိခဲ့

ဟို..အဝေးဆုံးက ကိုယ့်လမင်း

ဒီသီချင်းလေးမဆုံးခင်

လာခဲ့ပါ ရင်ထဲလှမ်းခဲ့ပါ

အားပေးလှည့်ကြင်နာသူရေ

စောင့်နေတယ် ပြန်လာခဲ့ပါ..အူး..

သီချင်းလေးမဆုံးခင်

(ကမ်းလက်တွေယုံကြည်ထားလိုက်)

ရင်ခွင်ထဲလှမ်းခဲ့ပါ

အားပေးလှည့်မျှော်လင့်ခြင်းနေ့ရက်တွေ

လာပါကွယ် စောင့်နေမယ်

အိုး...ဝေး..

ကိုယ့်ရဲ့သီချင်းလေး

မျှော်လင့်လွန်းရလို့ရူးပြီ

သီချင်းမဆုံးခင်လှမ်းခဲ့

ရင်ခွင်တံခါးမင်းဖွင့်လိုက်ပါ...

ရင်ခွင်တံခါးမင်းလှမ်းဖွင့်ပါ...

ရင်ခွင်တံခါးမင်းကြည့်လိုက်ပါ

အားပေးလှည့်ချစ်သူ ....

Mais de ဇော်ပိုင်

Ver todaslogo

Você Pode Gostar

အိပ်မက်ရင်ခွင် de ဇော်ပိုင် – Letras & Covers