ဇေယျာရွှေမြေ
တေးရေး => လင်းခေးလုလင်
ယခုပြန်ဆို => စိုးစန္ဒာထွန်း
Credit တီးလုံး => စန္ဒရား ဒေါက်တာလှဘူး
***
ဇေယျာ ..ရွှေမြေ........
ယဉ်ရေ ခွေ.. ၀န်း ..လျား..
ရှုဆန်းဖြာ သီတာ ခြံရံနေခ
စံရာ ရွှေနန်း
ကျူးလွန် ကဲမြင့်
အရောင်ဝေ.....
ဇေယျာ ရွှေမြေ
လာရောက်လို့
လည်တဲ့ အခါမလေ
မြန်ပြည် အနှံ့ အပြား
ထင်ရှား အသိပေ
စစ်ကိုင်းတံတား
ကျော်ဖြတ်ကာ မသွေ
ဦးခိုက်ကာ
ဖူးလိုက်ပါ လှသလေ
ဇေယျာ ရွှေမြေ
လာရောက်လို့
လည်တဲ့ အခါမလေ
မြန်ပြည် အနှံ့ အပြား
ထင်ရှား အသိ ပေ
စစ်ကိုင်းတံတား
ကျော်ဖြတ်ကာ မသွေ
ဦးခိုက်ကာ ဖူးလိုက်ပါ
လှသလေ
မြတ်ဘုရား.. ရှင်တော် မွေ
ငါးထပ်ကြီး နဲ့
ကောင်းမှုတော် စေတီ ပေ
ဆင်များရှင် လည်း
တင့်လျှမ်း ကျက်သရေ
ပန်ရွယ် ရည်စူး
ကြည်နူး မ၀နိုင်ပေ..
***
ဇေယျာ ရွှေမြေ
အလှူဒါန ပြုကြ မစဲပေ
ဇေယျာ ရွှေမြေ
သူတော်စင်မြတ်
တရား ရှာမြဲ မသွေ
ဇေယျာ ရွှေမြေ
အလှူဒါန ပြုကြ မစဲပေ
ဇေယျာ ရွှေမြေ
သူတော်စင်မြတ်
တရား ရှာမြဲ မသွေ
စည်သံ ဗျောသံက
ဆူဆူ လျှံဝေ
ကျက်သရေ ရှိလှ ပါတဲ့
ဇေယျာ ရွှေမြေ..
***
စည်သံ ဗျောသံက
ဆူဆူ လျှံဝေ
ကျက်သရေ ရှိလှ ပါတဲ့
ဇေယျာ ရွှေမြေ..
....
ဇေယျာ ရွှေမြေ ဇေယျာ ရွှေမြေ
အေး အတိတ် နဲ့
အေး နိမိတ် ဆောင် ကာနေ..
ဗုဒ္ဓံ ပူဇေမိ ဓမ္မံ ပူဇေမိ
သံဃံ ပူဇေမိပါ ဘုရား
ထူး မခြား..နား မီးရေ စုံသား
ရောင်တော် ထွေပြား
ပြောင်း.. လို.. လို့ များထွေ
ထူးထွေ တည့် အံ့ရာ သား..
***
ညို့ညို့ ဆိုင်းဆိုင်း
မှိုင်းမှိုင်း မှုန်ဝေ
စစ်ကိုင်း တောင်တော် ဗွေ
ထုံးကူ ဆေးရေး
ဖွေးဖွေး ဖြူနေ
စေတီတော် အပေါင်း
ကိန်းအောင်း ဌာပနာ အမွေ
ညို့ညို့ ဆိုင်းဆိုင်း
မှိုင်းမှိုင်း မှုန်ဝေ
စစ်ကိုင်း တောင်တော် ဗွေ
ထုံးကူ ဆေးရေး ဖွေးဖွေး ဖြူနေ
စေတီတော် အပေါင်း
ကိန်းအောင်း ဌာပနာ အမွေ
တောင်ထွတ် တောင်မြတ်
တောင်နှုတ်ခမ်း ထက်မလေ
မန်း သိုက်တော် အ၀င်
ဆွမ်းဦး ပုညရှင် နဲ့
ပတ္တမြား လွမ်းစေတီ
လျှမ်း သိဂီ င်္ရွှေ
ရှိခိုး ပူဇော်
ဖူးမျှော် နိုင်ကြပါစေ
ဇေယျာ ရွှေမြေ
အလှူဒါန ပြုကြ မစဲပေ
ဇေယျာ ရွှေမြေ
သူတော်စင်မြတ်
တရား ရှာမြဲ မသွေ
ဇေယျာ ရွှေမြေ
အလှူဒါန ပြုကြ မစဲပေ
ဇေယျာ ရွှေမြေ
သူတော်စင်မြတ်
တရားရှာမြဲ မသွေ
စည်သံ ဗျောသံက
ဆူဆူလျှံ ဝေ
ကျက်သရေ ရှိလှပါတဲ့
ဇေယျာ ရွှေမြေ..
***
စည်သံ ဗျောသံက
ဆူဆူ လျှံဝေ
ကျက်သရေ ရှိလှပါတဲ့
ဇေယျာ ရွှေမြေ
ဇေယျာ ရွှေမြေ ဇေယျာ ရွှေမြေ
အေး အတိတ်နဲ့
အေးနိမိတ် ဆောင်ကာနေ..
<< ပြီးပါပြီ >>
MinKhent