menu-iconlogo
huatong
huatong
avatar

ဒိုင်ယာရီ

လေးဖြူ Lay Phyuhuatong
terrymo1huatong
Letra
Gravações
ဒိုင်ယာရီ

တေးဆို လေးဖြူ

ScorpionsMan

ဒီကမ္ဘာထဲ နေ့နဲ့ ညနဲ့ လည်ပတ်နေတာ

ဘယ်သူမှ တားလို့မရခင်

အကုန်ပြောင်းလဲသွား

ခင်မင်တဲ့ အပေါင်းအသင်းတွေ

ရန်သူလည်း လက်တစ်ဆုပ်စာ

ငါနေထိုင်ရာကမ္ဘာကြီးက နွားခြေရာ

ရောင်စုံအိမ်မက်တို့

တဖြည်းဖြည်းပြိုလဲနေ

အချိန်တန်ရင် ပြန်ပြီးနိုးထ

လက်တွေ့ ဘဝထဲ

အရာရာဆန်းစစ်ကြည့်ရင်

ကြုံမယ်အနိမ့်အမြင့်များသာ

တစ်နေကုန် ငါထိုင်ပြီး ရေးဖြစ်တဲ့ကဗျာ

ငါပြန်ပြီး မေ့ပစ်မယ့်အရာ

ကြွေရွက်ဝါ ဒိုင်ယာရီ တွေထဲ

ပြန်ပြီးရှာဖွေတဲ့အခါ ငါမေ့ပစ်ထားတဲ့

ဟိုးအတိတ်က အဖြူရောင်စာမျက်နှာ

ဒဏ္ဍာရီ မြစ်ချောင်းတိမ်တိုက်

တောင်တန်းတွေကြားမှာ

အငြိမ်းချမ်းဆုံးနေရာ တမ်းတရင်းနဲ့

အိုး..ရေ...

ဘာမှမထူးခြားဘူး အဖြစ်အပျက်ဇာတ်လမ်းတွေ

ပြာပုံမီးတိုးရင်း

ကျွမ်းလောင်နေသားကျခဲ့

ရေကြည်လေးတစ်စက်လောက်သာ

ငါပင်ပန်းနွမ်းတဲ့အခါ

ရင်ခုန်သံမှန်ဖို့ တောင့်တမိတဲ့အရာ

ငါပြန်ပြီး မရောက်တော့မယ့်ကမ္ဘာ

ကြွေရွက်ဝါ ဒိုင်ယာရီ တွေထဲ

ပြန်ပြီးရှာဖွေတဲ့အခါ

ငါမေ့ပစ်ထားတဲ့ ဟိုးအတိတ်က

အဖြူရောင်စာမျက်နှာ

ဒဏ္ဍာရီ မြစ်ချောင်းတိမ်တိုက်

တောင်တန်းတွေကြားမှာ

အငြိမ်းချမ်းဆုံးနေရာ တမ်းတရင်းနဲ့

အိုး….ရေး

ဘာမှ မထူးခြားဘူး

အဖြစ်အပျက်ဇာတ်လမ်းတွေ

ပြာပုံမီးတိုးလို့

ကျွမ်းလောင်နေသားကျခဲ့

ရေကြည်လေးတစ်စက်လောက်သာ

ငါပင်ပန်းနွမ်းတဲ့အခါ

ရင်ခုန်သံမှန်ဖို့ တောင့်တမိတဲ့အရာ

ငါပြန်ပြီး မရောက်တော့မယ့်ကမ္ဘာ

ကြွေရွက်ဝါ ဒိုင်ယာရီ တွေထဲ

ပြန်ပြီးရှာဖွေတဲ့အခါ

ငါမေ့ပစ်ထားတဲ့ ဟိုးအတိတ်က

အဖြူရောင်စာမျက်နှာ

ဒဏ္ဍာရီ မြစ်ချောင်းတိမ်တိုက်

တောင်တန်းတွေကြားမှာ

အငြိမ်းချမ်းဆုံးနေရာ တမ်းတရင်းနဲ့

အိုး…ဟိုး…ရေး…

ငါပြန်ပြီးမရောက်တော့မယ့်ကမ္ဘာ

တမ်းတရင်းနဲ့

အူး…ဟူ................

Mais de လေးဖြူ Lay Phyu

Ver todaslogo