မင်္ဂလာတေး
ရန်အောင် ဟေမာနေဝင်း
တူနှစ်ဖြာ … ရွှေဂဟေ… ဆက်ဖို့
သွေမပျက်တဲ့ … မေတ္တာ …
ရေစက်ရဲ့ … ရှေးအလာ…
မနှေးအခါခါ ချင့်တွေး …
ဖြစ်ရေးခု … သမုဒယနွယ်လာ
သြော် ဖြစ်ရေးခု … သမုဒယနွယ်လာ
အခုဘ၀တကယ် ဘယ်မမုန်းတော့လေး …
လေး…
ရှေးရေစက် အကြောင်းဖက်ဖန်လာ
ရွှေပဒေသာ ငွေပဒေသာ
ဝေေ၀ဆာဆာ စွေရွာဖြိုးလို့
ရတနာမိုးသွန်းတဲ့ ရက်မြတ်မင်္ဂလာအခါ
ဇေယျတု သဗ္ဗမင်္ဂလာ
အောင်စေအတိတ်နဲ့ကြွေးကြော်ညံခါ
သပြေနုမှာ ငွေခရုပါ
မသွေယခုပြုကြတဲ့ မင်္ဂလာအခါ
အောင်စေကြောင်း … ဆုတောင်သွန်းပတ္ထနာ
တန်ဖိုးအနဂ္ဃရတနာ နိတုံရွှေကိုသာ
န၀ရတ် ကျောက်မျက်ပုလဲနဲ့
စီခြယ်သွန်းသည့်ခါ
မင်္ဂလာခညောင်း အပေါင်းကျက်သရေပြည့်စုံလာ
မောင်နဲ့မေ နှောင်ဖွဲ့အခြေမှာ
နေနဲ့လ ရွှေနဲ့မြပုံပမာ
အခါတော် … ပေး … တာက
နတ်ရေးငယ် … ရွှေစာ
သာသနာရောင်လင်း ကောင်းခြင်း … ဒီချိန်ခါ …
မင်္ဂလာ အခါတေးနဲ့ ဟစ်ကြွေး …
ဟစ်ကြွေးသံစာ
နတ်ရေးတဲ့ ရွှေနဖူးစာ
မင်္ဂလာ အခါတေးနဲ့ ဟစ်ကြွေး …
ဟစ်ကြွေးသံစာ
နတ်ရေးတဲ့ ရွှေနဖူးစာ
လေးဆူဒီပါ သီတာရေမြေ ဆုံးစေတော့
မုန်းပါနိုင် မောင်နဲ့သာ …
ရွှေကျမ်းသစ္စာ မသွေးတမ်းချစ်မှာ
ပစ်မခွါ အနှစ်တစ်ရာ ရှစ်ကမ္ဘာမကပါ
ရွှေကျမ်းသစ္စာ မသွေးတမ်းချစ်မှာ
ပစ်မခွါ အနှစ်တစ်ရာ ရှစ်ကမ္ဘာမကပါ
မေတ္တာမျှလာ တူနှစ်ဖြာ
အကြောင်းရေစက် ပေါင်းဖက်ဖို့ဖန်လာ
တန်ဖိုးအနဂ္ဃရတနာ နိတုံရွှေကိုသာ
န၀ရတ် ကျောက်မျက်ပုလဲနဲ့
စီခြယ်သွန်းသည့်ခါ
မင်္ဂလာခညောင်း အပေါင်းကျက်သရေပြည့်စုံလာ
မောင်နဲ့မေ နှောင်ဖွဲ့အခြေမှာ
နေနဲ့လ ရွှေနဲ့မြပုံပမာ
ကျေးဇူးတင်ပါတယ်