ပြန်သိမ်းထားမယ်
ဟေမာနေဝင်း
ကိုယ့်ကို အချစ်လေးတွေ ပြန်ပေးဦး
မလိုချင်ရင်လည်း ရှိပါစေ သိမ်းထားမယ်လေ
ကိုယ့်ဆီမှာပြန်ယူပြီးသိမ်းထား
ကိုယ်ဒီလိုမထင်လို့ အချစ်တွေကိုပေးမိတာပါ
မိန်းကလေးဘက်ကချစ်တာကို
အရေးလည်းမစိုက်တော့ စိတ်နာတယ်
ရှင်လေတန်ဖိုးမထားတာတွေ ကြာလာလေပိုသိလာ
ပေးမိတဲ့အချစ်တွေကို
တစ်ချက်လောက်ဂရုစိုက်လာရင်
ဝမ်းနည်းအောင် အမြဲလုပ်ခဲ့တာတွေ
ကိုယ်ခွင့်လွှတ်နိုင်ပါတယ်
အချစ်ဆိုတာ အသွားအပြန်အယူအဆနဲ့
မှန်လိုအရိပ်များ တုံ့ပြန်ကာကြားဖူးပါတယ်
ကဗျာဆရာများဖွဲ့သလို
ကိုယ်ဟာမျှော်လင့်ချက်တွေ ပုံထားမိနေတယ်
မိန်းကလေးဘက်ကချစ်တာကို
အရေးလည်းမစိုက်တော့ စိတ်နာတယ်
ရှင်လေတန်ဖိုးမထားတာတွေ ကြာလာလေပိုသိလာ
ပေးမိတဲ့အချစ်တွေကို
တစ်ချက်လောက်ဂရုစိုက်လာရင်
ဝမ်းနည်းအောင် အမြဲလုပ်ခဲ့တာတွေ
ကိုယ်ခွင့်လွှတ်နိုင်ပါတယ်
အခုတော့ရှင်မလွယ်ပါလား
တစ်ဘက်သတ်ဆန်လွန်း
ကိုယ်ကပဲချစ်နေကိုယ့်ကို
ရောင်ပြန်တောင်မဟတ်ခဲ့
ရှက်မိပြီ ဒီလိုတော့ မဖြစ်သင့်ပါဘူး
မလိုချင်လည်း ပေးပါ
ကိုယ်ပြန်တောင်းပန်...
တွေဝေသလား...
အချစ်ကိုဒီလိုတော့ပြစ်မထားဘူး
မလိုချင်ရင်လည်း ရှိပါစေ သိမ်းထားမယ်လေ
မိန်းကလေးဘက်ကချစ်တာကို
အရေးလည်းမစိုက်တော့ စိတ်နာတယ်
ရှင်လေတန်ဖိုးမထားတာတွေ ကြာလာလေပိုသိလာ
ပေးမိတဲ့အချစ်တွေကို
တစ်ချက်လောက်ဂရုစိုက်လာရင်
ဝမ်းနည်းအောင် အမြဲလုပ်ခဲ့တာတွေ
ကိုယ်ခွင့်လွှတ်နိုင်ပါတယ်
မိန်းကလေးဘက်ကချစ်တာကို
အရေးလည်းမစိုက်တော့ စိတ်နာတယ်
ရှင်လေတန်ဖိုးမထားတာတွေ ကြာလာလေပိုသိလာ
ပေးမိတဲ့အချစ်တွေကို
တစ်ချက်လောက်ဂရုစိုက်လာရင်
ဝမ်းနည်းအောင် အမြဲလုပ်ခဲ့တာတွေ
ကိုယ်ခွင့်လွှတ်နိုင်ပါတယ်
တွေဝေနေသလား အခုမှ
ကိုယ်ခွင့်လွှတ်နိုင်ပါတယ်