menu-iconlogo
huatong
huatong
avatar

မမေ့နိုင်ဘူးအချစ်ရယ်

အောင်သူhuatong
puss_in_specshuatong
Letra
Gravações
မမေ့နိုင်ဘူးအချစ်ရယ် ဆို အောင်သူ

မမေ့နိုင်တာပဲခက်တယ် အချစ်..ရေ..

ယနေ့တိုင်သာပဲမင်းကို လွမ်း..နေ..

မကြင်နာတမင်ရှောင်တိမ်းလို့

ဘယ်အငြိုးနဲ့စိမ်းလေသူရေ

ချစ်လိုသူကလိုက်လို့နေ

မုန်းလိုသူကပြေးပေါ့မေ..

အချစ်ကိုယုံစားမိသူ မှား..နေ..

အများတကာချစ်သတင်းမေးရင် အရှက်..ပြေ

မရေရာဟိုဒီစကားနဲ့ဖြေသိမ့်လို့ပြောကာသာနေ

အပြုံးမျက်နှာလေးတင်းလို့နေ

အသည်းကငိုကြွေး လျက်ပေါ့လေ..

သတိရမိတိုင်း.. ရင်လှိုင်းခတ်သံပဲ့တင်သံတွေ

ဝေဒနာများနဲ့ ခြေရာများလည်း

ဖျောက်ခဲ့အချစ်ရေ

အချစ်နဲ့တွေ့တိုင်း..ခိုနားခဲ့ရာ

အချစ်နယ်မြေတွင်

စိုပြေကင်းမဲ့

မြင်မြင်ရသမျှခြောက်သွေ့လို့နေ..

ကြားလေပြေသွေးလို့ စိမ်း စိမ်းပြီလားမေ

ချစ်လိုသူကလိုက်လို့နေ

မုန်းလိုသူကပြေးပေါ့လေ..

မမေ့နိုင်တာပဲခက်တယ် အချစ်..ရေ..

ယနေ့တိုင်သာပဲမင်းကို လွမ်း..နေ..

မကြင်နာတမင်ရှောင်တိမ်းလို့

ဘယ်အငြိုးနဲ့စိမ်းလေသူရေ

ချစ်လိုသူကလိုက်လို့နေ

မုန်းလိုသူကပြေးပေါ့မေ..

သတိရမိတိုင်း.. ရင်လှိုင်းခတ်သံပဲ့တင်သံတွေ

ဝေဒနာများနဲ့ ခြေရာများလည်း

ဖျောက်ခဲ့အချစ်ရေ

အချစ်နဲ့တွေ့တိုင်း..ခိုနားခဲ့ရာ

အချစ်နယ်မြေတွင်

စိုပြေကင်းမဲ့

မြင်မြင်ရသမျှခြောက်သွေ့လို့နေ..

ကြားလေပြေသွေးလို့ စိမ်း စိမ်းပြီလားမေ

ချစ်လိုသူကလိုက်လို့နေ

မုန်းလိုသူကပြေးပေါ့လေ..

Mais de အောင်သူ

Ver todaslogo